ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင်ရဲဘော်တစ်ယောက်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး သင်တန်းအတွင်း ဆုရရှိသူ ရဲဘော်တွေကို တပ်တွင်း တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုပေးအပ်ခဲ့ကာ ဗဟိုကော်မတီဝင်ကို သင်တန်းဆင်း ရဲဘော်တွေရဲ့ စစ်ကြောင်းက ချီတက်အလေးပြုခဲ့တယ်လို့ သိရပါတယ်။

ဒေသန္တရစစ်ရေးအခြေအနေအရ သင်တန်းဆင်းပွဲအခမ်းအနားကို အကျဉ်းချုပ်သာ ပြုလုပ်ခဲ့ပြီး အပတ်စဉ် (၈) သင်တန်းကာလအခက်အခဲတွေကို ကျော်ဖြတ်ကာ တပ်ဖွဲ့ဝင်သစ်ရဲဘော် (၂၂) ယောက် သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့ဝင်ဖြစ်သင်တန်းမှာ အခြေခံစစ်ရေးပြ၊ စစ်နည်းဗျူဟာ၊ စစ်ဗျူဟာ စတဲ့ စစ်ဘက်ဆိုင်ရာသင်ခန်းစာတွေအပြင် တပ်ဖွဲ့ရဲ့ နိုင်ငံရေးအတွေးအခေါ် အခိုင်အမာတည်ဆောက်ရေးအတွက် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်းပို့ချခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံအနေဖြင့် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ ဖော်ဆောင်နေသည့် နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့ပေးရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၈ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းက နှစ်ပေါင်း ၅၀ နီးပါးကြာ တပ်စွဲထားတဲ့ မူသယ် အခြေစိုက် ခူသေစိုး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ ပြုလုပ်၊ အပတ်စဥ် (၄) သင်တန်းသားတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၂ ယောက် ကျဆုံးခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။