ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မြန်မာဈေးသည်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တွေက မဲဆောက်ဈေးရှိ မြန်မာဈေးသည်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက သတင်းဖော်ပြထားပါတယ်။

မဲဆောက်ဈေးမှာ မြန်မာဈေးသည်တွေအချင်းချင်း ၄ ကြိမ်ထက်မနည်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံက ရဲ၊ လဝကနဲ့ စည်ပင် စတဲ့ အဖွဲ့ပေါင်းစုံပါဝင်တဲ့ ထိုင်းအာဏာပိုင်တွေက ဩဂုတ်လ ၂၅ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဈေးသည်တွေဟာ တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ခိုက်ရန်ပွဲဖြစ်ပွားခဲ့သလို ကိုယ်ထိလက်ရောက် ထိုးနှက်မှုတွေကိုလည်း ကျူးလွန်ခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေတဲ့ မြန်မာဈေးသည်တွေကို ဖမ်းဆီးကာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အထောက်အထား အပြည့်အစုံနဲ့ သွားရောက်နေထိုင်တဲ့ မြန်မာတွေရှိသလို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ခိုလှုံနေတဲ့ မြန်မာတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်ကျားဖြန့်အလုပ်သမား ၃၀၀ ကျော်ကို ထိုင်းကတဆင့် တရုတ်ကိုနေရပ်ပြန်ပို့

မြန်မာကကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လိမ်လည်အလုပ်သမား ၃၀၀ ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့က လွှဲပြောင်းပေးခဲ့ပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဉ်တွေရောင်းနေတဲ့ AVIC နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Airbus ကို ရပ်တန့်စေဖို့ ဥရောပနိုင်ငံတချို့ အကျိုးအမြတ်တွေကြောင့် မျက်ကွယ်ပြုနေ

ဥရောပနိုင်ငံကြီး (၃) နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအား CRPH ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အောက်လွှတ်တော်မှာ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။