တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၁ ရက် မနက်ပိုင်းက သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တတိယအကြိမ်အနေနဲ့ ၁၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်တင်ထားတဲ့ စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သား အယောက် ၂၀ ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ၊ ဧဒင်မှူး၊ က္လားသစ္ဏတ်(ကျားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ ၇နဲ့ ထားဝယ်အရှေ့တောတပ်ဖွဲ့ DEF တို့ ပူးပေါင်းလုပ်‌‌ဆောင်ခဲ့ကြပြီး ရဲဘော် ၁ ယောက်ကျဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

မိစ္ဆာစစ်တပ်၏ လေကြောင်းရန်ကို ကြောက်ရွံ့နေသည့် ကလေးငယ်များ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး ပျံသန်းတာကို ကြည့်နေတဲ့ မောင်နှမ ၂ ယောက်ထဲက အစ်မ ဖြစ်သူက သူ့မောင်လေးကို အန္တရာယ်ကျရောက်မှာ စိုးရိမ်စိတ်နဲ့ ပြောလိုက်တာဖြစ်ပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်သား ၁၀ ဦးခန့် ထိခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့်ထိခိုက်မှုရှိခဲ့တယ်လို့ Garuda Secret Force က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။)
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေပြီး ဆိုင်ကယ် ၄ စီးနှင့် စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့် လုံးခင်းကျေးရွာတွင် ကားတစ်စီး အရှိန်လွန်ပြီး စားသောက်ဆိုင်ကို ဝင်တိုက်၊ ဝန်ထမ်း ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ကားတစ်စီးအရှိန်လွန်ပြီး စားသောက်ဆိုင်ထဲ ဝင်တိုက်ခဲ့တဲ့အတွက် ဝန်ထမ်း ၂ ယောက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
Read More

မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနှင့် မျောပါ (ရုပ်/သံ)

ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ လမ်းရေကျော်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနဲ့မျောပါသွားတဲ့အတွက် ဒေသခံပြည်သူတွေက လိုက်လံကယ်ဆယ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။