ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သာမဏေ (၃) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ နေ့လယ်ပိုင်းက ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဝါဆိုကျောင်းဘက်မှာ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေ (၃) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂) လုံး၊ ကျောင်းဆောင် (၄) ဆောင်နဲ့ ကား (၂) စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၁) ရက်ကလည်း ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ လက်နက်ကြီး (၁၁) လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၆) လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်တွင် တပ်မ ၉၉ အပါ လက်အောက်ခံတပ်ရင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၇ ဦး သေ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း သိမ်းဆည်းရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၁၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၃ ယောက်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမေရိကန်အနေနဲ့ အားကောင်းအသက်ဝင်ဖို့ လိုအပ်နေသေးဟုဆို

စစ်ကောင်စီထံ လေယာဉ်ဆီတွေ မရောက်ရှိဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖြတ်တောက်မှုတွေကို ပိုမိုပြီး အားကောင်း အသက်ဝင်ဖို့ လိုအပ်နေသေးကြောင်း The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အာဇာနည်ဗိမာန်မှ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက် အကြမ်းဖက် မင်းအောင်လှိုင် ပထမဆုံးအကြိမ် တက်ရောက်…

ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက်ပိုင်စ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။