စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

ကနီ ပအဖ တာဝန်ရှိသူတွေ အလွဲသုံးစား လုပ်တာတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကို လက်ခံရရှိခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကနဦးစစ်ဆေးတွေ့ရှိချက်တွေကို ဩဂုတ်လ (၂၁) ရက်နေ့က ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးအမှတ်စဥ်(၂၉/၂၀၂၅)မှာ တင်ပြခဲ့ပြီးနောက်မှာ အစည်းအဝေးဆုံးဖြတ်ချက်အရ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံအပါအဝင် (၁၃) ယောက်ကို ပြည်သူပိုင်ငွေကြေးစီမံခန့်ခွဲရာမှာ အလွဲသုံးစားမှုတွေ ရှိနှိုင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးဖို့ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါညွှန်ကြားချက်အရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင် ကွပ်ကဲရေးက ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ အချုပ်တရားခံထွက်ပြေးခြင်းဆိုင်ရာ ဆောင်ရွက်ရမယ့် လုပ်ထုံးနဲ့အညီ ဩဂုတ် (၂၄) ရက်မှာ ကနီ ပအဖ တာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပကဖ အသံက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

တနင်္သာရီနယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု နှင့် ကာကွယ်ရေးတပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက ၂ ဦး သေဆုံး

တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်လာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ People's Defence Force - မြိတ်ခရိုင်တပ်ရင်း (၂) ဆီက သိရပါတယ်။
Read More

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” ကမ်ပိန်းမှ ၅ရက်အတွင်း ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ရရှိ

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” အရေးပေါ်ကမ်ပိန်းကနေ ၅ရက်အတွင်း ကူညီထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ Spring Development Bank က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီက ၂ နှစ်နီးပါးအတွင်း အရပ်သားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ ကြိမ် လုပ်ဆောင်ခဲ့၊ ကလေးငယ်ပေါင်း ၃၇၂ ယောက်ကို အသက်ဆုံးရှုံးစေခဲ့

အခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ် ကျူးလွန်မှုတွေကို နိုင်ငံတကာကနေ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။