အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။

ပြည်ပက ကုန်ပစ္စည်းတွေကို လိုင်စင်မရှိဘဲ ပါဆယ်ပုံစံနဲ့ လေကြောင်းကနေ တင်သွင်းလာမှုကို စစ်အုပ်စုက တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အတွက် စီးပွားရေးလုပ်ငန်းသုံးကုန်ပစ္စည်း ကီလိုအများအပြား တင်ပို့မှုကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတချို့လည်း ရပ်နားထားရပါတယ်။

ထိုင်း-မြန်မာ ကုန်တင်လေယာဉ်ဝန်ဆောင်မှုပေးနေတဲ့ New Light Cargo လုပ်ငန်းကလည်း Commercial Cargo Flight ခေတ္တရပ်နားတော့မယ်လို့ ဩဂုတ်လ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

Air Cargo နဲ့ ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်တာကို အာဏာသိမ်းစစ်တပ်က သြဂုတ် ၂၃ ရက်ကစလို့ စီမံချက်နဲ့ စတင်လုပ်ဆောင်နေပြီး ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကုန်သည်အများစုက ထိုင်းကုန်ပစ္စည်း တင်သွင်းမှု ရပ်နားထားသလို ရပ်နားချိန် ကြာလာတာနဲ့အမျှ ထိုင်းကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

လေကြောင်းကတဆင့် ကုန်တင်သွင်းမှုကို ကုမ္ပဏီလိုင်စင်နဲ့ သွင်းကုန်၊ ထုတ်ကုန် လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကိုတော့ စစ်အုပ်စုက ခွင့်ပြုထားဆဲဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက နယ်စပ်ကုန်သွယ်ရေးပြုလုပ်ခွင့်လိုင်စင်ကိုလည်း အကန့်အသတ်နဲ့သာ ထုတ်ပေးထားသလို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ ၁၈ ရက်ကစလို့ အကြမ်းဖက်စစ်တပ်ဟာ ထိုင်း-မြန်မာ တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေး တံတားကိုလည်း ယာယီ ပိတ်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာတွင် စစ်သားနှင့် ပျူ ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေဆုံး​ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိန်းကလေးငယ် ထပ်မံ ခွဲစိတ်ဖို့ အကူအညီလိုအပ်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။