ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မိုင်းလားတပ် NDAA ရဲ့ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် မှတ်တမ်းရယူထားနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ဖျားပိုင်းက မိုင်းယောင်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် မေလအတွင်း ရိုက်ယူထားတဲ့ ဂြိုဟ်တုမှတ်တမ်းပုံတွေအရ မိုင်းလားတပ်ဖွဲ့လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ မြေရှား သတ္တု တူးဖော်တဲ့နေရာ ၁၉ ခုကို တွေ့ရှိထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုပါတယ်။

မိုင်းလားတပ်ဖွဲ့ရဲ့ မြေရှားသတ္တုတွင်းတွေဟာ မဲခေါင်မြစ်နဲ့ ကီလိုမီတာ ၄၀ ထက် ပိုနီးတဲ့ အကွာအဝေးမှာရှိနေပြီး ၂၀၂၁ ခုနှစ် အစောပိုင်းက ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေမှာတော့ မိုင်းလားတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ မြေရှားသတ္တုတွင်း ၃ ခုသာ တွေ့ရှိရပြီး ၂ ခုက အသုံးမပြုတော့တဲ့ သတ္တုတွင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းလားတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ သတ္တုတွင်း ၁၉ ခုစလုံးဟာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းတွေရဲ့ ပုံစံအတိုင်း စက်ဝိုင်းပုံစံ ဓာတ်ပြုကန်တွေအဖြစ် မြင်ရပြီး မြေရှားသတ္တုတွေ ထုတ်ယူဖို့ တူးဖော်တဲ့နေရာမှာပင် ဓာတုဗေဒနည်းနဲ့ ပျော်ဝင်စေခြင်း (in−situleaching) နည်းလမ်းကို အသုံးပြုနေတာဖြစ်တယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုပါတယ်။

သတ္တုတွင်းအများစုဟာ တရုတ်နယ်စပ်နဲ့ ၄ ကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကနေ ၅,၀၀၀ ကြား မြင့်မားတဲ့ တောင်တန်းဒေသတွေမှာ တည်ရှိနေပြီး အဆိုပါဒေသက ရေတွေဟာ နပ်ချောင်းအတွင်း စီးဝင်ကာ အဲ့ဒီကတဆင့် တောင်ဘက်ကို ဆက်လက်စီးဆင်းပြီး မဲခေါင်မြစ်ရဲ့ မြစ်လက်တက် လွေမြစ်အတွင်း စီးဝင်သွားတယ်လို့ သိရပါတယ်။

ရွှေတြိဂံမြစ်ဆုံရဲ့ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာခန့် အကွာမှာရှိတဲ့ လွေမြစ်ဟာ လာအိုနိုင်ငံ၊ လုံနမ့်သာ (Luangnamtha) ခရိုင်ရဲ့ တစ်ဖက်ကမ်း ဆွပ်လွေဒေသမှာ မဲခေါင်မြစ်နဲ့ ပေါင်းဆုံသွားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ကွန်မန်ဒိုသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အလင်းဝင်ဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ သွားရောက်ကယ်ထုတ်

ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ အလင်းဝင်ဖို့ ချိတ်ဆက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ အတူ ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဖားကန့်တွင် KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ အပြန်အလှန် ပစ်ခတ်မှုအတွင်း သံဃာတစ်ပါးအပါ ၄ ဦး ထိမှန်ဒဏ်ရာရ…

“မနေ့ကလည်း တောက်လျှောက်ဖြစ်နေတာ ၊ ဒီမနက်မှာလည်း ထပ်ဖြစ်တယ်။ မှော်တောင်းကျေးရွာမှာရှိတဲ့ ဂိတ်ကို သူတို့က စစ်ကြောင်းထိုးတယ် ၊ အဲ့မှာ တိုက်ပွဲပြင်းထန်ပြီးတော့ ဂိတ်ကလည်း ဆုတ်ပေးလိုက်ရတယ်။တိုက်ပွဲအပြန်အလှန်ပစ်ခတ်ချိန်မှာ လက်နက်ကြီးကျတော့ အဲ့မှာ ကလေးတွေ ထိတယ်။ သံဃာတော် တစ်ပါးလည်း ထိတယ် ” လို့ ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

မူးရူးသောက်စားနေသည့် စစ်အုပ်စုဂိတ်စခန်းကို MBT နှင့် ပူးပေါင်းတပ်များ အနီးကပ်ဝင်ပစ်၊ စစ်အုပ်စုဘက်က ၁၄ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း Myingyan Black Tiger (MBT)  ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။