စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၂၅ ရက် မနက် ၆ နာရီလောက်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို ဗိုလ်ရုပ်ကဇိုး ညွှန်ကြားမှုနဲ့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့က မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတစ်ယောက် ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“မြို့ဘေးဆိုတော့ ကြိုစောင့်လို့မရဘူးဗျ။ သတင်းကြားကြားချင်း တောက်လျှောက်သွားဖောက်ခွဲခဲ့တာ။ ကျနော်တို့ မိုင်းဆွဲတော့ ဒီကောင်တွေ ပြာယာခတ်ပြီး ရမ်းသမ်းပစ်တော့တာပဲ။ ပုံမှန်မိုင်းခွဲရင် သေနတ်မဖောက်ဘူး။ သူတို့ထိရင်တော့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တော့တာပဲ” လို့ Wolf Guerrilla LDF Ye.U Air Force ရဲ့ သတင်းပြန်ကြားရေး ရဲဘော် ကိုညိုက မောင်းကို ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ လက်နက်ငယ်တွေနဲ့ အနီးပတ်ဝတ်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီးတဲ့နောက် ရွာသာလေးကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းတွေမှာ စခတွေက ရေဦးမြို့ဘေး အနီးနား ကျေးရွာဘက်တွေကို နယ်မြေရှင်းလင်းတဲ့ ပုံစံနဲ့ ကင်းပတ်တာလိုလိုပေါ့။ ရေဦးမြို့ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အဲ့လို ပတ်နေတယ်ဗျ” လို့ ရဲဘော် ကိုညိုက ဆက်ပြောပါတယ်။

Wolf Guerrilla LPDF (YE-U) ပူးပေါင်းတပ်ဖွဲ့ဟာ ဇွန်လ ၃၀ ရက်နေ့ကလည်း ရေဦးမြို့၊ မန်ကျည်း‌တောရပ်ကွက်ထဲ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်သား (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောကျွဲအင်းမြို့အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို PDF များတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် အယောက် ၅၀ ကျော် သေဆုံး

စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲ အင်းမြို့  အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို PDF တွေ တိုက်ခိုက်သိမ်းပိုက် ခဲ့တာကြောင့် စစ်အုပ်စုဘက်က အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

ပုလောမြို့နယ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို မြို့နယ် ပလဖ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။