ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ (၂၇)ရက်ကစလို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃)ရက်အထိ အကြမ်းဖက်စစ်တပ်က မင်းတပ်မြိုနယ်အတွင်း  လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၇၆) ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဗုံးအရေအတွက် (၃၂၉) လုံးဝန်းကျင် အသုံးပြုခဲ့ပြီး ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အပြစ်မဲ့ပြည်သူ အယောက်(၄၀) သေဆုံးခဲ့ရကာ အယောက် (၁၂၀) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ နေအိမ် (၁၇၂) လုံး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းစတဲ့ အစိုးရအဆောက်အဦး (၄၀) နဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့ ဘာသာရေးအဆောက်အဦး (၁၈) ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၉)ရက်ကနေ ဒီဇင်ဘာလ (၂၁) ရက်အထိ ဆင်နွှဲခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ ပျက်စီးဆုံးရုံးမှုတွေကို ထည့်သွင်းရေတွက်ထားခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၃ ရက်က မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ (ဓာတ်ပုံ မင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား နေရပ်သို့ပြန်လည်ပို့ဆောင်ဟု KNU ထုတ်ပြန်၊ မပြန်နိုင်သေးသည့်သူများအား အလုပ်အကိုင်ရှာဖွေပေးကာ ထိန်းသိမ်းထားရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ တောင်စုတိုက်ပွဲနဲ့ ကျောက်ကြီးမြို့နယ်၊ တော်ဝိတိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နေရပ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တနင်္သာရီ – မောတောင်လမ်းပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လေ​ယာဥ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ- မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ရင်း စစ်ကြောင်းထိုးနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။