ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယမ်းချက်စက်ရုံဘက်ကနေ လုံးခင်းကိုလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို သြဂုတ်လ ၂၄ ရက်မှာ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အခုလို မိုင်းဆွဲခံရပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၂၅ ရက် ဒီမနက် ၈ နာရီလောက်မှာ ဖားကန့်မြို့ထဲကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အကြမ်းဖက် စစ်သားတွေရဲ့ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံ အမျိုးသမီး ၁ ယောက် ပွဲချင်းပြီး သေဆုံးကာ အမျိုးသား ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီး

“မိုင်းဆွဲတိုက်ခိုက်ခံရတော့ သူတို့အထိနာသွားပုံရတယ်။ ဒီမနက် ဖားကန့်မြို့ထဲကို ပစ်ခတ်ပြီး ဝင်လာတော့ ကြောက်ပြီးမှ လှည့်ကြည့်တဲ့ ဈေးသည်အမျိုးသမီးကြီးက မျက်နှာကို ထိမှန်သွားတာ။ တခါတည်း ပွဲချင်းပြီးဆုံးတာ။ အမျိုးသား ၃ ယောက်ကတော့ ထိတယ်။ ဒါပေမယ့် အမျိုးသား ၃ ယောက်က အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဖားကန့်နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ပစ်ခတ်သံတွေကြားလို့ ဖားကန့်မြို့ရှိ ရဲဂိတ်က ရဲတပ်ဖွဲ့ဝင်တွေ လမ်းပေါ်ထွက်ကြည့်ချိန်မှာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ရဲတွေပါ ထွက်ပြေးရတယ်လို့ ပြောပါတယ်။

“ပြီးရင် ရဲဂိတ်ရှိတယ်။ ရဲဂိတ်ကလူတွေကလည်း သေနတ်သံတွေကြားပြီး ဆူညံနေတော့ ထွက်လာတော့ ရဲဂိတ်ကိုပါ လှမ်းပစ်တာ။ ရဲတွေပါ အကုန်လုံးပြေးရတာ။ သူတို့အချင်းချင်းကိုပစ်တာ ဆေးကြောင်ပြီးတော့..” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပြပါတယ်။

အခုလိုမျိုး ပစ်ခတ်မှုတွေ လုပ်ပြီးတဲ့နောက် မနက် ၁၀ နာရီလောက်မှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဗျူဟာကုန်းထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီး
0 Shares:
You May Also Like
Read More

မန္တလေးအိုးဘိုထောင် Drop ဗုံးကြဲခံရမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးနှင့် အခြားအကျဥ်းသား ၄ ဦး သေဆုံးကြောင်း PPNM အမည်စာရင်း ထုတ်ပြန်

မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်ဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ပြောကြား

ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ပေါ်ပေါက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဝ နှင့် စစ်ကောင်စီ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

သံတောင်ကြီးမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိ…

ပဲခူးတိုင်းအတွင်းက လမ်းပိုင်းတစ်နေရာမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း စစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။