စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်က အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ ဆက်သွယ်ရေးနဲ့ အင်ဂျင်နီယာတပ်က တပ်ကြပ်ရဲလင်းနိုင်ကို လက်နက်မပါဘဲ ဖုန်း ၂ လုံးနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ဖုန်းအတွင်းကနေ ယူနီကွန်းတပ်ဖွဲ့ရဲ့ Telegram channel ကို စိန်ခေါ်ထားတဲ့ စာတိုတွေ တွေ့ရှိရပြီး သေမင်းတမန် နာမည်နဲ့ channel chatbox ကို လာရောက်စိန်ခေါ်ထားတာ ဖြစ်တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်ကြပ်ကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား ၂ ယောက် သေ၊ ၉ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နှင့် တံတားနီအရေးအခင်း (၃၇) နှစ်ပြည့်အဖြစ် စာ‌စောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။