သက်တမ်း ၁၂၀ ကျော်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

နောင်ချိုမြို့နဲ့ ခုနှစ်မိုင်ခန့်အကွာ မန္တလေး-လားရှိး လမ်းပေါ်မှာတည်ရှိတဲ့ ဂုတ်ထိပ်တံတားဟာ မနေ့က အကြမ်းဖက်စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားချိန် ဩဂုတ် ၂၄ ရက် မနေ့က မနက်ပိုင်းမှာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

TNLA ဘက်ကတော့ ဂုတ်ထိပ်တံတား ပျက်စီးမှုဟာ တံတားအနီးရှိတဲ့ TNLA ပူးပေါင်းတပ်တွေကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။

တံတားပျက်စီးမှုနဲ့ ပတ်သက်လို့ အသေးစိတ်မသိရသေးပေမယ့် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေအရ ကျောက်မဲဘက်ခြမ်းမှာ ပျက်စီးသွားတာကို မြင်တွေ့ရပါတယ်။

ဂုတ်ထိပ်တံတားဟာ ၁၈၉၉ ခုနှစ် အင်္ဂလိပ်တွေ မြန်မာကို သိမ်းပိုက်ထားချိန် အမေရိကန် ကုမ္ပဏီတစ်ခုကို ငှားရမ်း ဆောက်လုပ်ခဲ့တာဖြစ်ပြီး တံတားအရှည် ပေ ၂၂၆၀၊ အမြင့်ပေ ၁၁၀၀ ရှိကာ သံတိုင်ကြီးပေါင်း ၁၆ တိုင်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာပြည်ကနေ ပြန်လည်ဆုတ်ခွာချိန်မှာလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဂုတ်ထိပ်တံတားကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးမယ့်ဘေးက ကာကွယ်ဖို့ 1954 Hague convention ဆိုတဲ့ international law တစ်ခုကို ပြဌာန်းထားတာရှိပြီး အဆိုပါဥပဒေအရ စစ်ပွဲတစ်ခုအတွင်းမှာ ယဥ်ကျေးမှု အမွေအနှစ်အဆောက်အဦးကို ဖျက်ဆီးရင် စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့အပြားက ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေ၊ စေတီပုထိုးတွေ များစွာကို ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

ငါ့သရောက်ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ်သား ၈ဦးသေပြီး ၁၈ဦး ဒဏ်ရာရကာ စစ်ကြောင်းလန် ပြန်ဆုတ်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ကြောင်းလန်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ပြည်ပရောက် မြန်မာသံအမတ် ၃၀ ကို NUG က အမည်ပျက်စာရင်းသွင်း

ပြည်ပက မြန်မာသံအမတ်နဲ့ သံတမန် အယောက် သုံးဆယ်ကို NUG အမည်ပျက်စာရင်းသတ်မှတ်လိုက်တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။