ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတချို့ကို အမျိုးသမီးဆောင်မှာ လူပြည့်နေတယ်ဆိုပြီး  ထောင်အာဏာပိုင်တွေက အမျိုးသားအဆောင် (၄) နဲ့ စားဖိုဆောင်ကြားမှာရှိတဲ့ ယခင် အမျိုးသားအဆောင်နေရာဟောင်းမှာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃)ရက်နေ့က အမျိုးသမီး (မေခ) အဆောင်ရဲ့ ‌အခန်း(၁)ကို အကျဉ်းဝန်ထမ်းတွေက ရှာဖွေရေးလုပ်ဆောင်ရာမှာ နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးရဲ့ နေရာအနီးမှာ ဖုန်းဘတ္ထရီတွေ့တယ်ဆိုပြီး မနိုဗာနီနီအေးကို အကျဉ်းဝန်ထမ်းတွေက လာရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ဝယ်တွေ့ရှိတဲ့ ပစ္စည်းမဟုတ်တာကြောင့် ရည်ရွယ်ချက်ရှိစွာ စွပ်စွဲကြောင်း၊ ပြစ်ဒဏ် မခံနိုင်ကြောင်း မနိုဗာနီနီထွေးက တင်ပြခဲ့ရာမှာ အကျဉ်းဦးစီးက ဝန်ထမ်းအင်အားသုံးကာ မနိုဗာနီနီထွေးကို တိုက်ပိတ်မယ့်နေရာကို ခေါ်ဆောင်ခဲ့ပါတယ်။ ခေါ်ဆောင်ချိန် လမ်းတလျှောက်မှာလည်း  ဦးစီးမှူး (၃)ပွင့် အဆင့် ဒေါ်‌ဇင်မာကြည်အောင်၊ (၁)ပွင့် ဒေါ်သဇင်မြင့်နဲ့ တပ်သား ဖြိုးထက်ထက်အောင်တို့က ဆံပင်‌ဆွဲပြီး ခေါ်ဆောင်တာတွေ၊ ခန္ဓာကိုယ်အနောက်ခြမ်းကို ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

“ဘတ္ထရီက သက်သေပါတာမျိုးမဟုတ်ဘူး။ ပြီးတော့ အကျဉ်းသူတွေ ရှေ့မှာပဲ စစ်တာမျိုး မဟုတ်ဘဲ အားလုံးကို အပြင်ထွက်ခိုင်းပြီးမှ စစ်တာဆိုတော့ ဒီအပေါ်မှာ သူတို့ မသင်္ကာတဲ့သူ … ဒီလူက ဦးဆောင်နိုင်တဲ့သူလို့ ယူဆတဲ့ သူတွေကို အခုလို တိုက်ပိတ်ပြီး ခွဲထုတ်တဲ့ အခြေအနေကို ဖန်တီးလာနေတာ ဖြစ်ပါတယ်” လို့ PPNM တာဝန်ရှိသူ ဦးသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

ဒိုက်ဦးအကျဥ်းထောင်

ဒါ့အပြင် မနိုဗာနီနီထွေးကို တိုက်ပိတ်ပြစ်ဒဏ်မပေးဖို့ နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆိုခဲ့ရာ အဲဒီလူတွေထဲက ၇ယောက်ကို ထောင်ဆူပူအောင်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ပိတ်ခဲ့ပြန်တယ်လို့ သိရပါတယ်။

တိုက်ပိတ်ခံရသူတွေဟာ ဒေါ်နုနုအောင်၊ မညိုညိုဝင်း၊ ခင်ရတနာဝင်း၊ မမြသန္တာအောင်၊ မအေးအေးဝင်း၊ မချယ်ရီထွေးနဲ့ မစုနန္ဒာလှိုင်တို့ဖြစ်ပြီး သူတို့ကို အမျိုးသမီးအဆောင်တိုက်ထဲမှာ လူပြည့်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားအဆောင် (၄)နဲ့ စားဖိုဆောင်ကြားမှာရှိတဲ့ ယခင်က အမျိုးသားတွေထားရာတိုက်မှာ တိုက်ပိတ်ထားတာဖြစ်တယ်လို့ PPNM က ဖော်ပြထားပါတယ်။ 

အဆိုပါ နေရာမှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူ စုစုပေါင်း (၂၇) ယောက်ဝန်းကျင်အထိ ရှိနေပြီး တိုက်ပိတ်ထားတဲ့ တိုက်ခန်းတွေမှာ အခင်းတွေ မရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေဟာ သမံတလင်းပေါ်မှာသာ အိပ်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပိတ်ခံရတဲ့ထဲက နိုင်ငံရေးအကျဉ်းသူ ၁ဦးက ခန္ဓာကိုယ်အောက်ပိုင်းမှာ လေဖြန်းတဲ့ ကျန်းမာရေးအခြေအနေမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။  ပြီးတော့ ထားထားတဲ့နေရာကလည်း နဂို အမျိုးသားဆောင်ကိုမှာ ရှင်းလင်းပြီးထားတာဆိုတော့ ရေချိုးတဲ့အခါတွေ အဆင်မပြေဖြစ်တယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားရအောင် လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပြီးတော့ မိုးရာသီဆိုတော့ ရေယိုတာ၊ အနံ့အသက် မကောင်းတာ အဲ့လိုတွေရှိတော့ ရုပ်ပိုင်းဆိုင်ရာအရပါ ခံစားရအောင် လုပ်ထားတာလို့ပဲ ယူဆပါတယ်” လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။

အဆိုပါ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသူတွေဟာ အားနည်းခြင်း၊ နေမကောင်းခြင်းတွေ ခံစားနေရပြီး ထောင်ဆရာဝန်တွေကလည်း အချိန်နဲ့တပြေးညီ လာရောက်ကြည့်ရှုပေးခြင်း မရှိဘူးလို့ သိရပါတယ်။ 

PPNMအနေနဲ့ ကျူးလွန်သူ၊ ပါဝင်ပတ်သက်သူ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းရယူထားပြီး ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ရေး၊ ကျူးလွန်မူ တစ်ခုချင်းစီအတွက် ညီမျှတဲ့ တာဝန်ခံမှု ရှိစေရေး ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့်၊ ပူးပေါင်းဆောင်ရွက်မည့် NLD ပါတီဝင်များကို အရေးယူမည်ဟု NLD ကြေညာ

လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာတွေ၊ ပါဝင်ဆောင်ရွက်တာတွေကို လုပ်ဆောင်ရင် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ သတင်းကြေညာလိုက်ပါတယ်။ 
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။