မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

Sky Villa အဆောက်အအုံ A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် ဒီနေ့ နေ့လယ်ပိုင်းမှာ အဆောင် (A)၊ အခန်းအမှတ် A4 က အမျိုးသား(၂) ယောက်နဲ့ အမျိုးသမီး(၂) ယောက်ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အဆိုပါရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Sky Villa အဆောက်အအုံ A အဆောင်ကို ဆက်လက်ရှင်လင်းရာ မွန်းလွဲပိုင်းမှာတော့ အဆောင် (A)၊ အခန်းအမှတ် F3 ကနေလည်း အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၂) ယောက်ရဲ့ ရုပ်အလောင်းတွေကို ထပ်မံထုတ်ယူနိုင်ခဲ့ပြီး လူမှုကူညီရေးအသင်းယာဉ်နဲ့ပဲ မန္တလေးပြည်သူ့ဆေးရုံကြီးဆီ ထပ်မံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး နိုင်ငံတစ်ဝန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်မှုမရှိဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ခြေလျင်စစ်ကြောင်း ထိုးတာတွေကို တောက်လျှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူထုထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို အကြမ်းဖက်စစ်အုပ်စုက အစောတလျင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီး ရွေးကောက်ပွဲ အကြောင်းပြကာ အကြမ်းဖက်မင်းအောင်လှိုင်က အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေဆီ သွားရောက်ပြီး ကျန်းမာရေးအသိပညာမျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုဒုံတွင် အကြောဆေးထိုးမိသူ ၂၉ ဦး ‌ဆေးရုံတက်ရပြီး အဲဒီထဲက ၇၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းအပါ ပဲခူး ၃ မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း၊ မကွေးဘက် ခရီးဆန့်နိုင်နေပြီဖြစ်သည့် တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မည့် အခြေအနေများ စီမံဆောင်ရွက်ရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အထိ ခရီးဆန့်နိုင်နေပြီဖြစ်တဲ့ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မယ့် အခြေအနေတွေ စီမံဆောင်ရွက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။