ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ် ၂၅ ရက် ဒီမနက်မှာ ကျောက်မဲမြို့ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုဘုန်းကြီးအနီးတစ်ဝိုက်ကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ် အလုံး ၂၀ ကျော်နဲ့ ယာဉ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ကပစ ၂၂ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။
Read More

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
Read More

စလင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့ ခလရ ၂၅၃၊ ၂၅၄နဲ့ ၂၅၅ က  အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်‌တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက် ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။