မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းမှာ ရာမညမွန်တပ်တော် (RMA) ရဲ့ မုဒုံမြို့နယ်ရှိ တပ်ဖွဲ့ဝင်တွေဟာ သံဖြူဇရပ်မြို့ဝင်ပေါက်က အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ် (Tollgate) ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

(၁၅) မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က (၁) ယောက် သေဆုံးကာ (၃) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး ရာမညမွန်တပ်တော် (RMA) က တပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NMSP-AD/Ramonnya Mon Army)
0 Shares:
You May Also Like
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ပြည်သူတွေကို MDY-PDF က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည်လှူဒါန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အချုပ်ခန်းတွင် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများကို အပြစ်ပေး အရေးယူမှု စတင်လုပ်ဆောင်နေပြီ ဟု NUG ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းမှု တရားခံအဖြစ် စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။