တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုပြီး လူငယ် ၇၀၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က အကြံပြုတိုက်တွန်းထားပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) ရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးသဘောထား ထုတ်ပြန်ကြေညာချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ပိုမိုအလုပ်ဖြစ်ပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ နိုင်ငံရေး ခေါင်းဆောင်မှုအားကောင်းတဲ့ ကောင်စီနဲ့ အစိုးရတစ်ရပ်အဖြစ် အမြန်ဆုံး ပြောင်းလဲ ပြင်ဆင်ဖို့ကို GSCB က နိုင်ငံရေးလုပ်ငန်းတစ်ရပ်အဖြစ် ဖော်ပြထားပါတယ်။

တော်လှန်ရေး စိုးမိုးနယ်မြေတွေမှာလည်း ဒေသန္တရ ဒီမိုကရေစီနဲ့ ဒေသန္တရ အုပ်ချုပ်ရေးတို့ ဖော်ဆောင်နိုင်ရေးကို ဦးတည်ဆောင်ရွက်ဖို့နဲ့ ဖက်ဒရယ်ယူနစ်တွေ အားကောင်းရေးအတွက် အတူယှဉ်တွဲ (Coming Together) ဖက်ဒရယ်သဘောတရားကို အခြေခံပြီး ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) ချဥ်းကပ်မှုနဲ့ အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားဖို့ GSCB က တိုက်တွန်းထားပါတယ်။

ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ပြဒလုပ်ခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုတစ်ခု

ဒါ့အပြင် အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးသဘောတူညီချက်နဲ့ အစီအမံတွေကို တော်လှန်ရေး အင်အားစုတွေအကြား သဘောကြည်ဖြူစွာ သဘောတူလက်ခံနိုင်ရေးအတွက် ပိုမို လုံ့လစိုက်ထုတ်ဆောင်ရွက်ဖို့ကိုလည်း GSCB က နိုင်ငံရေးလုပ်ငန်းတစ်ရပ်အဖြစ် ဖော်ပြထားပါတယ်။

အဆိုပါ သဘောတူညီမှုနဲ့အတူ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပြည်နယ်/ ဖက်ဒရယ် ယူနစ်တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့ ပူးပေါင်းပြီး ခိုင်မာတဲ့ နိုင်ငံရေး တပ်ပေါင်းစု တစ်ရပ် ဖွဲ့စည်းရေးတို့ကိုလည်း GSCB က အကြံပြုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်လို နိုင်ငံကြီးတွေရဲ့ ကျောထောက်နောက်ခံ ပြုမှုနဲ့ အသက်ရှူပေါက်ယူကာ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေး အကူအညီတွေ ရယူဖို့ အဆိုပါအင်အားကြီးနိုင်ငံတွေကို ဒူးထောက် မျက်နှာချိုသွေး ခယဝပ်တွားခဲ့ရတယ်လို့လည်း GSCB က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းစေခိုင်းမှုကနေ ရရှိလာတဲ့ လူငယ်အင်အား (၇)သောင်းကျော်ကိုလည်း အာဏာတည်မြဲရေးအတွက် လူသားတံတိုင်းအဖြစ် အသုံးပြု ခိုင်းစေ စစ်ဆင်ကာ လူငယ်ထုရဲ့ အလောင်းပုံပေါ်မှာ အာဏာတည်ဆောက်နေတယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုမှ မကျင်းပနိုင်သည့် မြို့နယ် ၉ ခု စာရင်း စစ်အုပ်စု ထပ်တိုး

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ စတင်ကျင်းပဖို့ ၁၂ နာရီအလိုမှာမှ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် ထပ်မံတိုးလာကြောင်း ဒီဇင်ဘာလ ၂၇ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ 
Read More

တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ ထူထောင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို စစ်ကောင်စီ စတင်ဖွဲ့စည်း

တရုတ်နဲ့ မြန်မာ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းထူထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီး တရုတ် လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။