မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၄ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ငှက်ပျောတောကျေးရွာ၊ ချမ်းမြေ့စု ဘုန်းကြီးကျောင်းပေါ်ကို အကြမ်းဖက်စစ်တပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး ၅ ပါး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ် ။

“ဘာထိတွေ့မှုမှမရှိပါဘူး၊ သူတို့ လုပ်နေကျပဲလေ၊ ရွာသားတွေမထိဘူး၊ ဘုန်းကြီးတွေပဲထိတာ၊ ၇ ပါးထိတာမှာ ၂ ပါး ပျံလွန်တော်မူတယ် ၊ ၅ ပါးကဒဏ်ရာပြင်းထန်တယ်” လို့ ကျိုက်ထိုနယ်ခံ တစ်ယောက်က မောင်း ကိုပြောပါတယ် ။

အခုလို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးမှုတွေ ရှိခဲ့သလို ဘုန်းကြီးကျောင်းဆောင်တွေလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

သြဂုတ်လ ၉ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးပြီး ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်းများ (ဓာတ်ပုံ Naw Cho Lay)

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်အပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

ကရင်နီဒေသထဲ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ် ကိုင်ဆောင်ရမည်

ကရင်နီဒေသထဲမှာ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ်ရှိဖို့ လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။