ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ 

သင်တန်းဆင်းပွဲမှာတော့ သင်တန်းဆင်း ရဲဘော်တွေရဲ့ စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တပ်ရင်းမှူး ဗိုလ်သက်အောင်(ယာယီ) နဲ့ တပ်ခွဲ၂ ရဲ့ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် အပါအဝင် တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သင်တန်းဆင်း ရဲဘော်တွေ သစ္စာသောက်ပြီး စစ်ရေးပြချီတက်ကာ အခမ်းအနား ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ရေစကြိုမှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Read More

ကျေးရွာတွေကို စောင့်ရှောက်မှုပေးတာကြောင့် ရွာခံတွေမှ ရေးဘီလူးကို ဂုဏ်ပြုကြိုဆို

မွန်ဒေသထဲက ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ ၅ လတာအတွင်း စောင့်ရှောက်မှုပေးခဲ့တာကြောင့် ဒေသခံတွေက ရေးဘီဘူးအဖွဲ့ကို ဖိတ်ကြားပြီး ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္ဘာ့အခြေအနေအရပ်ရပ်က နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီးမရှိတာကို စိတ်ဓာတ်မကျဘဲ မိမိခွန်အားဖြင့် အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်ကြောင်း NUG ဝန်ကြီးချုပ် ပြော

ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။