မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့က ပေါက်မြို့နယ်အနောက်ဘက် ကပစ (၂၄) ကို ရောက်ရှိလာတဲ့ စစ်အင်အားနဲ့ ရိက္ခာကားတန်းတွေဟာ ၄ရက်အကြာမှာပဲ ပြန်လည်ထွက်ခွာလာတာ ဖြစ်ပါတယ်။

အထက်ပါစစ်ကြောင်းဟာ ပေါက် ကပစ(၂၄) ကနေ ဒီနေ့မနက် ၇ နာရီကျော်မှာ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး ကားအစီးရေ ၈၀ ကျော်မှာ Non CDM ဝန်ထမ်းတွေအပါအဝင် ပျူစောထီးနဲ့ ခရိုနီအသိုင်းအဝိုင်းတွေလိုက်ပါလာကြောင်း၊ ဒါ့အပြင် စစ်အုပ်စု ချောဆွဲထားတဲ့ အရပ်သားကားတွေလည်း ပါလာကြောင်း သိရပါတယ်။

“အခု ပြန်ထွက်လာတာ ကား ၈၀ကျော်နဲ့ ခွေးအင်အား ၈၅၀လောက် ပါနိုင်တယ်။ ပေါက်ကိုယ်တော်ရဲ့ ဆွေမျိုးတွေ၊ ပျူတွေပါလာတယ်လို့လည်း သိရတယ်။” လို့ ပခုက္ကူခရိုင်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

စစ်ကြောင်းအတွက် အုန်းတောကျေးရွာ အုန်းတောတံတားထိပ်အပါအဝင် ယူကလစ်တော၊ ဖိုးဖြူလုံးကန်၊ ပေခုနှစ်ပင်၊ ဘုရားတောင်နဲ့ ရေပြာ လမ်းမကြီးဘေးတလျှောက်မှာ စစ်အုပ်စုကင်းပုန်းတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းမှာ PDF ဝတ်စုံ ပုံမှားရိုက်ဝတ်ဆင်ထားသူတွေလည်း ပါဝင်တာကြောင့် အရပ်သားတွေအနေနဲ့ သတိထားဖို့လိုအပ်ကြောင်း Sucessful Force-Pauk က သတိပေးထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်မှာ ပခုက္ကူတပ်မ ၁၀၁ ကထွက်လာတဲ့ စစ်အင်အားထောင်ချီနဲ့ ကားတန်း ၁ရာကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ရေပြာနဲ့ တက်မတောင်ဝန်းကျင်မှာ ၃လ နီးပါး ကြာပိတ်မိနေခဲ့ပြီး အထိအခိုက် သေဆုံးမှုများစွာနဲ့ ပေါက်မြို့ကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းဝင်ရောက်နိုင်ဖို့ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ မြေပြင်စစ်ကူတွေ အလုံးအရင်းသုံးခဲ့ပြီး လက်နက်ကြီးပစ်ခတ်တာ၊ အရပ်သားဖမ်းဆီးသတ်ဖြတ်တာတွေကိုလည်း စစ်ကြောင်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပေါက်မြို့နယ်အခြေစိုက် ကပစတွေနဲ့ ဘောလုံးကွင်းထဲ အထိုင်ချထားတဲ့ စစ်အုပ်စုတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

“လက်ရှိ ရေပြာနားကို ရောက်နေပါပြီ။ ဘာလို့ အခုလို ပြန်ထွက်လာတယ်ဆိုတာတော့ မသိပါဘူး။ ကျနော်တို့ အားလုံးခန့်မှန်းထားတာက ကပစမှာ သူတို့တော်တော်ကြာနေမယ်။ ပြီးမှ ယောဒေသကို ထိုးမယ်။ ဒါမှမဟုတ် ကပစကို ခံစစ်ပြင်မယ်ပေါ့။ အခုတော့ အဲ့လိုမဟုတ်ဘဲ ပခုက္ကူကို ပြန်ဆုတ်ကြတယ်ပေါ့။ အဲ့တော့ ပြည်သူတွေက ထပ်ပြီး စစ်ရှောင်ဖို့ ပြင်ကြရပါတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းက သောင်းနဲ့ချီတဲ့ အရပ်သားဟာလည်း စစ်ဘေးပြန်လည်ရှောင်တိမ်းနေရကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်သာနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီပိုင် ခွဲတမ်းဆီ(စာအုန်းဆီ) ပေပါများ သယ်လာသည့် ခြောက်ဘီးကားကို Southern YSO PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံများ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကောင်စီတပ်တွေ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ခမရ (၄၀၃) မှ စစ်သားတစ်ဦး K.N.L.A တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။