ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO Local PDF) တပ်ရင်း ၂ မှ ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၈ ရက်က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ တပ်ရင်း ၂ မှ အသက် ၂၁ နှစ်အရွယ် ရဲဘော်တွေဖြစ်တဲ့ တပ်စုမှူး ခွန်းအောင်သက်၊ တပ်စုမှူး စောနီကဲထူး (ခ) ခွားစီ၊ တပ်စိပ်မူး ခွန်းတီးယာနဲ့ အသက် ၂၃ နှစ်အရွယ် တပ်သား အောင်လင်းဦးတို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ သစ္စာအဓိဌာန် (၄) ချက်ထဲက နံပတ်(၄) ချက်မြှောက် ဖြစ်တဲ့ “ငါတို့သည် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငါတို့၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်။” ဆိုတဲ့ သစ္စာတရားကို စွဲမြဲစွာ ကိုင်စွဲတိုက်ပွဲဝင်ခဲ့တာဖြစ်တယ်လို့ DMO Local PDF တပ်ရင်း ၂ က ဆိုပါတယ်။

ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (Deemawso local pdf)၊ တပ်ရင်း (၂) က အာဇာနည်သူရဲကောင်းတွေအဖြစ် အလေးနီပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုတွေက အမိန့်ပေးစေခိုင်းသူနဲ့ လုပ်ဆောင်သူတွေအားလုံးကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေ

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများမှအမိန့်ပေးစေခိုင်းသူ နဲ့ လုပ်ဆောင်သူများကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူသို့ တပ်ပြောင်းလာသည့် ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် AA ၏ စနိုက်ပါလက်ချက်ကြောင့် သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ရာထူးတိုးပြောင်းရွှေ့လာတဲ့ ခမရ ၂၁၁ က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ အာရက္ခတပ်တော် (AA) ရဲ့ စနှိုက်ပါလက်ချက်ကြောင့် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရှားပါးပျောက်ကွယ်တော့မယ့် ဧရာ၀တီလင်းပိုင် သားအမိကို ဘီးလင်းမှာတွေ့လို့ ပြန်လွှတ်ပေး

အကောင်ရေ ရာဂဏန်းလောက်သာရှိတော့တဲ့ ရှားပါးမျိုးစိတ် ဧရာ၀တီလင်းပိုင် သားအမိကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းက သောင်တစ်ခုမှာ ရောက်ရှိနေလို့ ကယ်တင်ပေးခဲ့ကြောင်း  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA) က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။