မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၄ ယောက်အထိ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် နေ့လယ်ပိုင်းက မြင်းခြံမြို့နယ်၊ ဆုံရွာပျုစောထီးစခန်းကနေ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းဘက် ဆိုင်ကယ် ၁စီး၊ ထော်လာဂျီ ၁စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို ငါန်းမြာနဲ့ သရက်ချိုပင် လမ်းပိုင်းတစ်နေရာကနေ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ဆုံရွာပျူစောထီးတွေအပါ ရဲနဲ့စစ်သား ၈ ယောက် မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့တယ် သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း G3 သေနတ် ၃ လက်၊  MA11 ၁လက်၊ G3ဘောက် ၅ ခု ၊ G3ကျည် ၄၇ တောင့်နဲ့ ဆိုင်ကယ်ကလစ် ၁ စီးကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်များ သိမ်းဆည်းရမိသည့် လက်နက်များ

ဩဂုတ် ၂၃ရက်နေ့အထိ ထပ်တိုးသိရှိချက်တွေအရ ဆေးကုသမှုခံယူနေရတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထဲက ၆ယောက် ထပ်မံသေဆုံးတဲ့အတွက် စုစုပေါင်းသေဆုံးသူ ၁၄ယောက်အထိရှိနေပြီလို့လည်း မန္တလေးခရိုင် အမှတ် (၅) တပ်ရင်းက ထုတ်ပြန်ပါတယ်။

အထက်ပါတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ်(၅)တပ်ရင်းနဲ့အတူ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊  မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားတပ်ဖွဲ့၊ အမရပူရမြို့နယ် ပ.က.ဖ၊ အောင်တံခွန်ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း၊ ငါန်းနတ်ပြောက်ကျားတပ်ဖွဲ့နဲ့ ကျားမင်းပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

“ထိခိုက်တာသေဆုံးတာတွေရှိတယ်။ ထပ်တိုးသေတာ၊ ဆေးကုရင်းသေတာပေါ့။ အချို့အချက်အလက်တွေက လုံခြုံရေးအရ ဖြေမရလို့ပါ။ ကျနော်တို့ဘက်က ရဲဘော်တွေဘေးကင်းပေမယ့် လက်နက်တချို့ ပျက်စီးမှုတွေရှိခဲ့ပါတယ်။” လို့ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

တိုက်ခိုက်နေသည့်ပုံရိပ်များ
တိုက်ခိုက်နေသည့်ပုံရိပ်များ
0 Shares:
You May Also Like
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

မင်းကင်း CDM ဆရာဝန် ဒေါက်တာခင်သူသူလွင်အား အကြမ်းဖက်ဖမ်းဆီးမှု များစွာတုန်လှုပ်မိကြောင်း CDM Medical Network ထုတ်ပြန်

တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှု ဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖီကာ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကိုပါ ခံနေရတဲ့အပေါ် များစွာတုန်လှုပ်မိတယ်လို့ CDM Medical Network က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်ကြီးဒေသတွင် စစ်တပ်နှင့် SNA တပ်စွဲထားသည့် မိုင်းနောင်နှင့် မမုံကိုင်ရွာကို ပြန်လည်သိမ်းပိုက်ဟု KIA ထုတ်ပြန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အကြမ်းဖက်စစ်တပ်နဲ့ SNAပြည်သူ့စစ်တို့ တပ်စွဲထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန Laiza TV ကနေ ဩဂုတ် ၁၆ရက် မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။