ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲရောင်းစားနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ မြို့သစ် (ဂ)ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အင်းစိန်မြို့နယ်ရှိ မြို့သစ် (ဂ) ရပ်ကွက်ရုံးကို Yangon Army (YA) အဖွဲ့နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့က သြဂုတ်လ ၂၃ ရက် မနေ့ကညပိုင်းမှာ ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ထိရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ ရပ်ကွက်နေလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းအတွက် ရောင်းစားနေတဲ့ အုပ်ချုပ်ရေးမှူး ဖိုးဇင်နဲ့ လူမိုက်ပျူစောထီးအဖွဲ့တွေကို ရည်ရွယ်တိုက်ခိုက်တာလို့လည်း သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဖိုးဇင်နဲ့ လူမိုက်အဖွဲ့တွေဟာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေအပြင် ရပ်ကွက်နေ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာနဲ့ စစ်မှုထမ်း အစားထိုး လူကုန်ကူးကိစ္စတွေကို အဓိကလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“အုပ်ကြီးဖိုးဇင်က ထောင်ထဲဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ကျင်ဟုတ်ဆိုတဲ့ လူမိုက်ရဲ့တပည့်ပါ။ ဒီကောင်က သူ့ရပ်ကွက်ရုံးမှာ အချုပ်ခန်းလုပ်ထားပြီး လူငယ်တွေကိုဖမ်းတယ်။ ပြီးရင် စစ်မူ့ထမ်းလိုတဲ့နေရာတွေကို ပြန်ရောင်းစားတယ်။ အတို(သေနတ်) လည်း ကိုင်ထားတယ်…အခုအမတ်ဝင်ရွေးဖို့လည်း လုပ်နေတယ်ကြားတယ်။ ကျနော်တို့ လက်ပစ်ဗုံးပစ်တဲ့အချိန် ရုံးထဲ သူတို့ရှိနေတယ်။ ထိခိုက်မှုတွေရှိနိုင်ပါတယ်” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင် မကြာခင်ပြုလုပ်သွားဖို့ရှိနေတဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပါဝင်လုပ်ကိုင်ပေးမယ့်သူတွေကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ဆိုထားပါတယ်။

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၁) ကို လုပ်ဆောင်သွားမယ့်အကြောင်း ပြောဆိုထားပြီး ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံ မြို့နယ်တွေမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး (၂)ဦးသေဆုံး အမျိုးသား (၁)ဦး ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အမျိုးသမီး (၂) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin People Defence Force က ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကပစ (၂၁) နှင့် ကပစ (၂၅) ကို သွယ်တန်းထားသော မီးလိုင်းအား တော်လှန်ရေးတပ်များ ဖျက်ဆီးနိုင်ခဲ့ 

မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။