ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က ဩဂုတ်လ ၂၃ ရက် မနက်ပိုင်းမှာ နောင်ပိန်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ်ဟာ ကျေးရွာအတွင်းကျန်နေခဲ့တဲ့ ရွာခံတွေကို သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့မိသားစုက ပိုက်ဆံနည်းနေလို့ဆိုပြီး မရှောင်တော့ဘဲ ရွာထဲ ကျန်နေခဲ့တာ။ လက်နက်ကြီးတွေကျတော့ ကုတင်အောက် ဝင်ပုန်းနေကြတယ်။ အဲ့ဒါကို စစ်သားတွေက အိမ်တံခါးဖွင့်ဝင်လာပြီး ကုတင်အောက်က ထွက်ခိုင်းပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်” လို့ သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မိသားစုမှာ အဖိုး၊ အဖေ၊ အမေနဲ့ ကလေး ၂ယောက်ရှိတာဖြစ်ပြီး အဖေဖြစ်သူ သေဆုံးသွားကာ အမေနဲ့ ကလေးတွေကတော့ ထိခိုက်ဒဏ်ရာတွေရရှိထားတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွေဟာ ရွာထဲမှာ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး သေဆုံးမှုတွေ ထပ်ရှိပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း မဝင်ရောက်နိုင်ဘူးဖြစ်နေတယ်လို့ သိရပါတယ်။

“လူတွေကို သွားထုတ်လို့ မရသေးဘူး။ စစ်သားတွေကလည်း ရွာထဲမှာ ရောက်နေကြပြီ။ ဒီဖြစ်စဉ်ကတော့ မနေ့က ဖြစ်တာပါ။ အခုကတော့ ရွာနဲ့လည်း အဆက်အသွယ် ပြတ်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ စစ်တပ်တွေဟာ နောင်ပိန်ကနေ နောင်ချို-ကျောက်မဲလမ်းမကြီးပေါ်ရောက်ဖို့ ထိုးစစ်ဆင်နေပြီး TNLA နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ကနဦး သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့၊ မနက်ပိုင်းမှာလည်း စစ်တပ်ဟာ ဒေသခံတွေ စစ်ရှောင်နေတဲ့ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တီးရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် စစ်ရှောင်ပြည်သူ ၁၀ယောက်ထက်မနည်း သေဆုံးပြီး ၁၂ယောက်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

PDF ရဲဘော်များ လက်နက်နှင့်တကွ ပြန်လည်ရောက်ရှိလာပြီးနောက် KNU ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ပွဲတွင် ဗျူဟာမှူး စောဒါးကိုနှင့် တပ်ရင်းမှူး မင်းသားကြီးတို့ တက်ရောက်မိန့်ခွန်းပြောခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက KNLA ရဲဘော်တွေနဲ့ အချင်းများရာကနေ PDF ရဲဘော်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ညှိနှိုင်းအဆင်ပြေကာ ဖမ်းဆီးခံရသူတွေ ပြန်လည်ရောက်ရှိလာကြောင်း သိရသလို ကရင်နှစ်သစ်ကူးနေ့မှာလည်း NUG  လက်အောက်ခံ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးတွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
Read More

MBT တပ်ဖွဲ့ဝင် ရဲဘော် မိုးကြိုး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ရဲဘော် မိုးကြိုးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ MBT က သတင်းထုတ်ပြန်ထားပါတယ်။