ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်ကြောင်းပြန်ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဩဂုတ်လဆန်းပိုင်းကစလို့ အာရှလမ်းမကို ပြန်လည် ထိန်းချုပ်ရေးအတွက် စစ်တပ်က ကြိုပမ်းနေခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေလည်း များစွာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်က သေဆုံးသူတွေလည်း များသလို တော်လှန်ရေးတပ်တွေထံကို အလင်းဝင်လာသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“သူတို့ စိတ်ကူးပေါက်သလို လာတိုက်နေတာပဲ။ အခုလည်း တိုးလာလိုက်၊ ဒီဘက်က ချလိုက်… သူတို့ ပြန်ဆုတ်သွားလိုက်ပဲ။ အဲ့လိုပဲ လုပ်နေတာ။ တိုက်ပွဲတွေကတော့ ခနခန ဖြစ်နေတာ သူတို့ဘက်က အသေဆုံးများတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ရေးသုံးသပ်သူတွေကတော့ စစ်တပ်ကနေ ကျင်းပမယ့် ပထမအသုတ် ရွေးကောက်ပွဲမှာ မြဝတီမြို့က ပါဝင်နေတာကြောင့် စစ်တပ်က ထိုးစစ်ပြန်စနေပေမယ့် မြဝတီမြို့ကို ပြန်သိမ်းနိုင်လောက်တဲ့အထိ မလွယ်ကူဘူးလို့ မှတ်ချက်ပြုထားပါတယ်။
အာရှလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစလို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ယာယီပိတ်ထားမယ်လို့ ကြေညာခဲ့ရာကနေ လက်ရှိအချိန်ထိ ပိတ်ထားဆဲ အခြေအနေ ဖြစ်ပါတယ်။

ဒါအပြင် စစ်တပ်ဟာ အာရှလမ်းကို ပြန်လည် စိုးမိုးနိုင်ရေးအတွက် ထိုစဉ်ကတည်းက နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းနဲ့ တိုက်စစ်ဆင်နေခဲ့ပေမယ့် အခုအချိန်ထိ မြဝတီမြို့ထံကို ရောက်မလာနိုင်သေးပါဘူး။

“အောင်ဇေယျစစ်ကြောင်းက နှစ်တောင်ပေါက်နေပါပြီ။ အာရှလမ်းကတော့ ဘယ်လိုပဲ တက်တက် ပြန်ဆုတ်ရမှာပဲ၊ ဘယ်လိုမှာ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ပူးပေါင်းတပ်ဖွဲ့တွေက အခိုင်အမာကို သေသေချာချာတပ်စွဲထားတာ။ ဘယ်လောက် အင်အားနဲ့ပဲ စုဖွဲ့ပြီးလာလာ ဒီဒေါနတောင်ကို ကျော်နိုင်မှာ မဟုတ်ဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်တပ်ကနေ အာရှလမ်းကို ပြန်သိမ်းလိုရင် အခုလမ်းကြောင်းတွေအပြင် လမ်းကြောင်းအသစ်တွေ ထပ်ဖောက်နိုင်မှသာ သိမ်းနိုင်မယ့် အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာရှလမ်းကို ပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ယာဉ်တွေဟာ ဒေါနလမ်းဟောင်းကိုသာ အားပြုပြီး သွားလာနေရတယ်လို့ သိရပါတယ်။

ပုံစာ – အာရှလမ်းမပေါ်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Read More

ကျောက်ဆည်မှာ တောင်ကျချောင်းရေစီးထဲ မျောပါသွားသူဟာ ဆင်မင်းဘိလပ်မြေ ဒုစက်ရုံမှူးဟု သိရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာတောင်ကျချောင်းရေထဲ ဖြတ်မောင်းရင်း ရေစီးနဲ့ ကားမျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူးဖြစ်ပြီး အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်အုပ်စု ကျုးလွန်သည့် အကြမ်းဖက်မှုများကြောင့်ထိခိုက်ခံစားခဲ့ရသူ စစ်ရှောင်များကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အစ ၂ လအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၉ ဦးအထိ သေဆုံးခဲ့…

၂၀၂၅ ခုနှစ်အစပိုင်း ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလ နှစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အရက်ဆိုင်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ၃ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။