မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းကာလအတွင်း သင်တန်းဆင်း ရဲဘော်တွေအနေနဲ့ အခက်အခဲတွေကို ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ကျော်ဖြတ်ခဲ့ရပြီး သင်တန်းကာလတစ်‌လျှောက်လုံး ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ရဲဘော်တွေ ဖြစ်တာကြောင့် ရာမညမွန်တပ်တော် (RMA) က ဂုဏ်ပြုလွှာတွေနဲ့ ချီးမြှင့်ဂုဏ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအခမ်းအနားကို ရာမညမွန်တပ်တော် (RMA) က ဒုဗိုလ်မှူးကြီး နိုင်မာဃနဲ့ မဟာမိတ် ပျံလွှားစစ်ကြောင်းက စစ်ကြောင်းမှူး ပျံလွှား တို့ တက်ရောက်ခဲ့ပြီး အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“ရှမ်းမန်း စစ်ဆင်ရေး” နှင့် “၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂)” တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် BLDF တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့…

"ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တယ်လို့ BLDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။