အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးနဲ့ အကြမ်းဖက်စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တိုင်းကို ကန့်ကွက်တားဆီးဖို့ NLD က ထုတ်ပြန်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကော်မရှင်က ကျင်းပဖို့ ကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကိုသာ တိုးပွားလာစေမယ့်အပြင် ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုမိုပေါ်ပေါက်လာမှာဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့မှ အသိအမှတ်မပြုဘူးလို့ ပါရှိပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို NLD အဖွဲ့ဝင်တွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ဖို့နဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းစဥ်တိုင်းကို ကန့်ကွက်တားဆီးဖို့ တိုက်တွန်းထားပါတယ်။

အဆိုပါ ဒုတိယဗဟိုကော်မတီအစည်းအဝေးမှာတော့ NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှစ်ယောက်၊ အရံဗဟို အလုပ်အမှုဆောင် လေးယောက်၊ ဗဟိုကော်မတီဝင် ၃၆ ယောက်၊ အရန်ဗဟိုကော်မတီဝင် ၁၀ ယောက်၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင် ၂၅ ယောက်၊ ဗဟိုရေးရာကော်မတီတွေက ၁၄ ယောက် စုစုပေါင်း ၉၂ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် တိုင်းနဲ့ပြည်နယ်အားလုံးက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ ပြုလုပ်၊ အပတ်စဥ် (၄) သင်တန်းသားတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၂ ယောက် ကျဆုံးခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထား ရယူပြီး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်ပြော

လက်ရှိ KIA နဲ့ TNLA ကြားဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားနေမှုတွေကို လူထုသဘောထားရယူပြီး ဆုံးဖြတ်သွားမယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။