စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မင်းထောင့်ဆိပ်ကမ်းမှ ထွက်လာတဲ့ စစ်ကော်မရှင်ရေယာဉ်တွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၂ ရက် မနေ့က မုံရွာမြို့နယ် မင်းထောင့်ဆိပ်ကမ်းမှ ထွက်လာတဲ့ စစ်ကော်မရှင်ရေယာဉ် ၂၄ စီးအနက် ၂ စီးကို ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေယာဉ် ၁ စီး တည့်တည့်ထိမှန်ခဲ့ပြီး အင်ဂျင် ၂ လုံးချို့ယွင်းပြီး စစ်ကော်မရှင်တပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေ အစောင့်လိုက်ပါလာတဲ့ ဆီဘောက်စာယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ဘက်ကနေ ထွက်လာတဲ့ ဆီဘောက်စာယာဉ် အစီး ၄၀၊ တွဲကား ၄ စီးနဲ့ သံပြားကာ ယာဉ် ၅ စီးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မအူ-မြေနဲကြားမှာ တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းရှိ တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားများ၏ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားတွေရဲ့ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်တွေကို သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ တပ်ခွဲ-၅ (YARMA BRIGADE) က ထုတ်ပြန်လိုက်ပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

နဂါးဖြူတပ်ရင်းနှင့် SOF တို့ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းကို နဂါးဖြူတပ်ရင်းနဲ့ SOF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို White Dragon -P29904 က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမြို့တောင်ဘက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၁ ယောက်သေကာ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းရွှေဘိုမြို့‌အဝင်တောင်ဘက်မှာစက်တင်ဘာ၃၀ရက်ညနေပိုင်းကကားလမ်းထွက်ပိတ်တဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။