ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၃ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်က မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာက ဘုန်းကြီးကျောင်းကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဇရပ်ဆောင် အများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ကလေးငယ် ၁ ယောက် သေဆုံးပြီး ကျောင်းထိုင်ဆရာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွမ်းစလန်းကျေးရွာ တာဝန်ရှိသူက “ကလေးတစ်ယောက်သေတယ် ပြီးတော့ ကျောင်းထိုင်ဆရာတော်ကို ထိတယ်၊ ဒဏ်ရာရတယ်၊ အခုက စာရင်းတွေလုပ်နေတုန်းပဲ အများကြီးထိတယ်ဆိုတော့ အခုထိစာရင်းတွေရှုပ်နေတုန်းပဲ အိမ်ထိတဲ့ဟာတွေရောရှိတယ် ” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောကြောင်း သိရပါတယ်။

ဓာတ်ပုံ – ဒေသခံ
0 Shares:
You May Also Like
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

အနန်းကွင်း ဗျူဟာစခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၃၀ ကျော်သေပြီး လက်နက်ခဲယမ်းများပါရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။