ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်း​ပိုင်းမှာ ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာမျိုးတွေရှိခဲ့တယ်လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းက ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်းပေါ်မှာရှိတဲ့ တာပြတ်ဂိတ်စခန်းနား ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေကို Fire Dragon PDF က စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” ဒီမနက် ၁၀ နာရီ ၃၉မိနစ်လောက်မှာ သွားပစ်ခဲ့တာပါ။ ရန်သူ၁ယောက်မျက်မြင်သေဆုံးသွားပါတယ်။” လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး တာပြတ်ဂိတ်စခန်းနဲ့ မလှမ်းမကမ်း၊ ပုစွန်မြောင်း​ကျေးရွာ သာသနာ့ ဗိမာန်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု​တွေက လက်နက်ကြီး ၄၀ မမ အပါအဝင် လက်နက်ငယ်တွေကို PDF တပ်ဖွဲ့ဝင်တွေ ရှိရာဆီ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ညောင်လေးပင်-မဒေါက်-ရွှေကျင် လမ်းပိုင်းမှာ မုက္ခမှုဂိတ်စခန်း၊ တာပြတ်ဂိတ်စခန်းနဲ့ ရေကြည်ချောင်းဂိတ်စခန်းတွေရှိပြီး ခမရ ၂၀နဲ့ ခမရ ၂၆၄ ပိန်းဇလုပ်အခြေစိုက်စစ်သားတွေအပြင် ပျူစောထီးနဲ့ရဲတွေက လုံခြုံရေးယူတပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုတွေဟာ လမ်းပိုင်းအတွင်းဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်တာအပါအဝင် သယ်ဆောင်လာတဲ့ပစ္စည်းတွေသိမ်းယူတာမျိုးလည်းရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေနဲ့မကြာခဏ ထိတွေ့မှုတွေရှိနေတဲ့ ပုစွန်မြောင်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်တပ်က နေရာ ၄ ခုခွဲကာ အထိုင်ချတပ်စွဲထားတယ်လို့လည်း သိရပါတယ်။

ပုံစာ – စနိုက်ဘာမစ်ရှင်ဆောင်ရွက်ခဲ့သည့် Fire Dragon PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ပေါင်းတည်တွင် အကြမ်းဖက်စစ်တပ် စစ်ကူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ဝဲကြီးဆည်ဘောင်ကနေ သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အားဖြည့်ဖို့ စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး စစ်လက်နက် ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ မော်ဖို့းကေစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။