မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၂၂ ရက် မနက်ပိုင်းက စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ရဲတွေကို ဒေါင်းညီ‌နောင်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ကင်းပုန်းက မိုင်းဆွဲတိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထိတွေ့ပစ်ခတ်မှုဟာ လင်းဇင်းတိုက်နယ် ရဲစခန်းနဲ့ ဘူးခါးကျေးရွာအကြားရှိ သနပ်ခါးခြံ လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြောက်​ကျားတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းကို စစ်အုပ်စု တက်နင်းမိရာကစလို့ ၅ မိနစ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဒေါင်းညီ​နောင်ပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

“အင်အား ၃၀ ကျော်လောက်နဲ့ ဘူးခါးရွာဘက်ကို ထွက်လာတာဗျ။ ကျနော်တို့က ကင်းပုန်းရှေ့မှာ နင်းမိုင်းကင်းတွေ ချထားတာ။ အဲမှာသူတို့က နင်းမိုင်း၁လုံးနင်းမိပြီး ရမ်းသမ်းပစ်တာနဲ့ အပြန်အလှန်ပစ်ခတ်မူ့ဖြစ်ခဲ့တာပါ။ မနက် ၉နာရီ ၄၅မိနစ်လောက်မှာ ထိတွေ့မူ့ဖြစ်တာပါ။ အဲ့နောက်တော့ အလောင်းတွေသယ်ပြီး ရဲစခန်းထဲကို ပြန်ဆုတ်သွားပါတယ်။ ရခ ပခတွေ ထိခိုက်သေဆုံးမူ့ရှိပါတယ်။ ” လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီနေ့နေ့လည်ပိုင်းမှာပဲ စလင်းမြို့ကနေရောက်ရှိလာတဲ့လူနာတင်ကားတွေဟာ ရဲစခန်းအထိ လာရောက်ရင်း ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို လာ​ရောက်သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအားကောင်းရာ စလင်းမြို့နယ်မှာ လင်းဇင်းတိုက်နယ်ရဲစခန်းဟာ စစ်အုပ်စုအတွက်အရေးပါတဲ့ စခန်းဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေက မကြာခဏဆိုသလို သွားရောက်ပစ်ခတ်တိုက်ခိုက်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်နယ်ရှိ သစ်ချိုရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးတပ်သား ၁ ဦးအပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်သား ၁ ယောက်အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူရေး အီးယူနှင့် ILO အဖွဲ့ဝင်နိုင်ငံများထံသို့ ရန်ကုန်သပိတ်အင်အားစုများ အိတ်ဖွင့်ပေးစာပေးပို့

ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားမြစ်ကာ နိုင်ငံကို  အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "