မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ သို့ သွယ် တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၇ ရက်က ဆိပ်ဖြူမြို့နယ် ကပစ ၂၂ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို တော်လှန်ရေးရဲဘော်တွေက ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အသုံးပြုနေတဲ့ ဗုံးတွေ ထုတ်လုပ်နေတဲ့အတွက် ဟန့် တား နိုင်ဖို့ ရှင်းလင်းရေးလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းတပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ နှင့် ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုးပြည်သူ့ကာကွယ်ရေးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်က တာဝါတိုင်တွေကို လာရောက်ပြင်ဆင်ခြင်းမရှိသေးဘဲ စစ်တပ်စစ်ကြောင်းထွက်လာပါက တိုက်ပွဲများ ဖြစ်ပွားလာနိုင်တယ်လို့ သိရပါတယ်။

Video-ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး

0 Shares:
You May Also Like
Read More

မြဝတီ မင်းလက်ပံကျေးရွာအတွင်းရှိ ကျားဖြန့်အလုပ်ရုံကို KNU စီးနင်းမှု တရုတ်အပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအတွင်း DKBA လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့် အလုပ်ရုံကို KNU က နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော် BPDF တည်ထောင်ခြင်း ၄ နှစ်ပြည့် ရဲဘော်များ၏ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

ဗန်းမော် BPDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အမှတ်တရ ရဲဘော်တွေရဲ့ ဖြတ်သန်းမှုပုံရိပ်တွေကို Bhamo People Defense Force - BPDF က ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။