မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ (၂၂) ဆီသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်​​ရေးအရ အရေးပါတဲ့အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိပ်ဖြူ ပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဆိပ်ဖြူမြို့မြောက်ဘက်၊ ဆိပ်ဖြူ-ပေါက်လမ်းဘေးက ဂျုပ်ချောင်ကြီးနဲ့ ဂွေးပင်ရွာကြားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်ကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သွားရောက်မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုဟာ ကာကွယ်ရေးပစ္စည်းစက်ရုံဆီရောက်ရှိမယ့် လျှပ်စစ်ဓာတ်အားလိုင်းကို ဖြတ်တောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီဓာတ်အားပေးတိုင်ဟာ အရပ်သားတွေနေထိုင်ရာကျေးရွာတွေဆီ ပို့လွှတ်နေတဲ့ မီးလိုင်းမဟုတ်ဘဲ ကာကွယ်ရေးပစ္စည်းစက်ရုံကိုသာ သီးသန့်သွယ်တန်းထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆိပ်ဖြူအခြေစိုက် ကပစ (၂၂) ဟာ အရပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို သတ်ဖြတ်ရာမှာအသုံးပြုတဲ့ ဝေဟင်ဗုံးတွေအပြင် 5.56 ကျည်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ရာစက်ရုံလည်း ဖြစ်ပါတယ်။
” မီးလိုင်းက စလင်းဘက်ကနေ ဆက်သွယ်ထားတာပါ။ ကျနော်တို့ဖောက်ခွဲခဲ့တဲ့နေရာက ဆိပ်ဖြူကနေ လာရင် ၉မိုင်လောက်အကွာမှာဖောက်ခွဲခဲ့တာပါ။ မီးလိုင်းဖျက်တောက်တယ်ဆိုတာကလည်း စစ်ရေးအရ​အရေးပါလို့ပါ။ ” လို့ ဆိပ်ဖြူ ပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ် တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာလည်း မိုင်းခွဲဖျက်ဆီးခံရပြီး တစ်ပတ်နီးပါးရှိလာအချိန်အထိ ပျက်စီးသွားတဲ့ဓာတ်အားတိုင်တွေကို စစ်အုပ်စုဘက်က လာရောက်ပြင်ဆင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

” အခုထိလာမပြင်သေးဘူးဆိုပေမယ့် မပြင်လို့တော့မရပါဘူး။ ဘာလို့ဆို သေနတ်နဲ့ကျည်တွေထုတ်နေတာ မီးမရရင် မဖြစ်ဘူးလေ။ 5.56 ကျည်က အဲ့ကထုတ်တာပါ။ နောက်ပြီး အခုဆို အခုက ဆိပ်ဖြူ ကပစတွေထဲမှာ စစ်ကြောင်းတွေထိုးဖို့ အင်အားတွေပြင်နေတာရှိပါတယ်။” လို့ ဆိပ်ဖြူ ပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းတပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ နဲ့ ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – တော်လှန်ရေးအင်အားစုများမှ ဓာတ်အားပေးတိုင်အား မိုင်းခွဲတိုက်ခိုက်စဥ်…
0 Shares:
You May Also Like
Read More

ဘီးလင်းတွင် စစ်အုပ်စုက ရွာထဲ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်ပြီး ကြောက်လန့်ထွက်ပြေးသည့် လူငယ် ၁ ဦးကို လိုက်လံပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးတဲ့ လူငယ် ၁ ယောက်ကိုလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ စစ်တပ်ကင်းစခန်းအနီး တော်လှန်ရေးတပ်များ ချဥ်းကပ်စဥ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီး ကင်းပုန်းဝပ်ဖို့ ချဥ်းကပ်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။