မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှ အလောင်း ၁ လောင်း ထပ်မံ တူးဖော်ရရှိကြောင်း စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံ A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်ချိန် ဩဂုတ်လ ၂၃ ရက်မှာ ရုပ်အလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Sky Villa ကွန်ဒို၊ အဆောင် (A)၊ အခန်းအမှတ် A4 ကနေ အမျိုးသမီး(၁) ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူခဲ့တာဖြစ်ပြီး လူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး နိုင်ငံတစ်ဝန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်မှု မရှိဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ခြေလျင်စစ်ကြောင်း ထိုးတာတွေကို တောက်လျှောက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လူထုထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို အကြမ်းဖက်စစ်အုပ်စုက အစောတလျင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီး ရွေးကောက်ပွဲ အကြောင်းပြကာ အကြမ်းဖက်မင်းအောင်လှိုင်က အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ရဲနှင့် ပျူ၏ မင်္ဂလာဆောင်ကို သွားသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့မှာ ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်သွားတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁ယောက် သေဆုံးကာ ၂ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF) က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီ PDF ၏ အပတ်စဥ် (၁)အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ jumper တွေ အသုံးများလာတာကြောင့် တော်လှန်ရေးတပ်တွေ ပိုမိုသတိထားဖို့နဲ့ ပိုမိုအားဖြည့်ကူညီပေးကြဖို့ လိုအပ်လာနေ

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More

အကြမ်းဖက်အဖွဲ့အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ခြိမ်းခြောက်ငွေတောင်းသူ နှစ်ယောက်ကို ဖမ်းမိတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်

အကြမ်းဖက်အဖွဲ့အစည်းဆိုပြီးအမည်ခံကာစီးပွားရေးလုပ်ငန်းရှင်တွေဆီကခြိမ်းခြောက်ငွေတောင်းသူနှစ်ယောက်ဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။