တရုတ်နိုင်ငံဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားများ ပြင်းထန်လာချိန်မှာ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ‘Mufasa: The Lion King’ ကာ တွန်းဇာတ်ဝင်ခန်းတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို တရုတ်ထံမှာ ရရှိထားတဲ့ အကူအညီများနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာ ရန်သူကို စည်းစည်းလုံးလုံးတိုက်ခိုက်ခဲ့ကြတဲ့ သတိပေး စကားလုံးတွေပါဝင်တဲ့ ဇာတ်ဝင်ခန်းကို မျှဝေခဲ့တာဖြစ်ပါတယ်။

”ငါတို့မျိုးနွယ်တွေနဲ့ တစ်ခြားမျိုးနွယ်တွေအားလုံးအတွက်ရောပဲ။ ဒီနေ့ ငါ့ဆီကို လာတိုက်ခိုက်တာမှန်တယ်။ ဒါပေမယ့် မင်းတို့အသိုက်အဝန်းထဲကို သူတို့ကို ဝင်ခွင့်ပေးလိုက်တာနဲ့ မနက်ဖြန်ဆိုရင် မင်းတို့ဘက်ကို မြှားဦးလှည့်လာလိမ့်မယ်။ ငါရဲ့တိုက်ပွဲကလည်း မင်းတို့ရဲ့ တိုက်ပွဲပဲ”လို့ ဇာတ်ဝင် ခန်းမှာ ခြင်္သေ့ဘုရင် မူဖာဆာက ပြောဆိုခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ သံချပ်ကာယာဉ် ၂ စီးနဲ့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲ တစ်ကျော့ပြန်ထိုးစစ်အတွင်း စစ်ကောင်စီတပ်က စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနဲ့ လူနေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန်ထိုးစစ်အတွင်း ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုကာ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိတယ်လို့  KNDF B03 က ထုတ်ပြန်ထားပါတယ်။
Read More

KK Park အတွင်း ၃ ရက်ဆက် ဗုံးများပေါက်ကွဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park အတွင်း ၃ ရက်ဆက် ပေါက်ကွဲမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို မတ်လ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ဆင်တဲ့ဝတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာ ဆင်တဲ့ဝတံတားထိပ်မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။