တောင်ကိုရီးယားလွှတ်တော်မှာ “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါဆွေးနွေးပွဲကို ဒီမိုကရက်တစ်ပါတီမှ လွတ်တော်အမတ် အီယုန်ဆွန်း၊ ယွန်ထဲယောင်းနဲ့ အခြေခံလစာပါတီမှ ယုန်ဟဲအင်း၊ NUG ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့ တက်ရောက်ပြီး အဖွင့်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို လွန်ခဲ့တဲ့ ဆယ်နှစ်က ကွယ်လွန်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နိုင်ငံတကာစည်းရုံးရေးကော်မတီ) ကိုရီးယားဌာနခွဲ ဥက္ကဋ္ဌ ဦးနေထွန်းနိုင်အတွက် အောက်မေ့ဘွယ် အမှတ်တရအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဆောင်ဂုံဝဲတက္ကသိုလ် ပါမောက္ခဘတ်ဂွန်ဟုန်းက ဦးဆောင်စီစဉ်ပြီး ကိုရီးယားလွှတ်တော်အမတ်တွေနဲ့ ကိုရီးယားလူ့အခွင့်အရေးမြို့တော်များကောင်စီက ဝိုင်းဝန်းပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာတော့ ဦးနေထွန်းနိုင်ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေက အမှတ်တရစကား အနည်းငယ် ပြောကြားပြီးနောက် ပါမောက္ခဘတ်ဂွန်ဟုန်းက “မြန်မာ့ပြည်တွင်းစစ်နှင့် ရက္ခိုင့်တပ်တော်၏ နိုင်ငံရေး၊ စစ်ရေး ထိုးထွက်လာမှု”၊ ဆိုးလ်တက္ကသိုလ်ကျောင်းသား ချန်ဘိဂျဲက “နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားများ၏ အတွင်းဒီမိုကရေစီ- ချင်းပြည်နယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကဏ္ဍ”၊ ဆောင်ဂုံဝဲတက္ကသိုလ်ကျောင်းသား ဂျွန်ရဲလင်က “မဲဆောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း”၊ ချုံနန်တက္ကသိုလ်မှ ယွန်းဂီဆော့က “တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိန်ခေါ်မှုများ”၊ ဘူဆန်တက္ကသိုလ်မှ အီဂွမ်းဆုက “နီပေါပြည်သူ့တော်လှန်ရေး- ကွန်မြူနစ်အင်အားစုများ၏ ကိုယ်စားပြုဒီမိုကရေစီ မဟာဗျူဟာ” စတဲ့ စာတမ်းများကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တက်ရောက်လာသူတွေက တင်ပြချက်တွေအပေါ် ပြန်လည်ဆွေးနွေးပြီး နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေကိုလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

SNA ရှမ်းနီတပ်များ၏ ဖမ်းဆီးခြင်းခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ ၁ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း​မြို့နယ်အတွင်း ရွှေမျှောလုပ်ငန်းလုပ်ကိုင်နေရင်း SNA ရှမ်းနီတပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၁ ယောက် တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာအပါ လက်နက်ကြီးငယ် (၄၂) လက်ခန့် သိမ်းဆည်းရရှိ၊စစ်တပ်က ဗိုလ်မှူး (၁) ဦးနဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် (၂၉) ဦး သေဆုံးကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၈ လက်အောက်ခံ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို)က ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆော-ဆိပ်ဖြူလမ်းပိုင်းက စစ်ဆေးရေးဂိတ် အလစ်အငိုက်ဝင်တိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူအပါ ၂ယောက်သေ၊ ၃ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် အဆင့်ရှိသူအပါအဝင် ၂ယောက်သေဆုံးပြီး ၃ယောက်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။