ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်း​ပိုင်းမှာ ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာမျိုးတွေရှိခဲ့တယ်လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းက ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်းပေါ်မှာရှိတဲ့ တာပြတ်ဂိတ်စခန်းနား ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေကို Fire Dragon PDF က စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” ဒီမနက် ၁၀ နာရီ ၃၉မိနစ်လောက်မှာ သွားပစ်ခဲ့တာပါ။ ရန်သူ၁ယောက်မျက်မြင်သေဆုံးသွားပါတယ်။” လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး တာပြတ်ဂိတ်စခန်းနဲ့ မလှမ်းမကမ်း၊ ပုစွန်မြောင်း​ကျေးရွာ သာသနာ့ ဗိမာန်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု​တွေက လက်နက်ကြီး ၄၀ မမ အပါအဝင် လက်နက်ငယ်တွေကို PDF တပ်ဖွဲ့ဝင်တွေ ရှိရာဆီ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ညောင်လေးပင်-မဒေါက်-ရွှေကျင် လမ်းပိုင်းမှာ မုက္ခမှုဂိတ်စခန်း၊ တာပြတ်ဂိတ်စခန်းနဲ့ ရေကြည်ချောင်းဂိတ်စခန်းတွေရှိပြီး ခမရ ၂၀နဲ့ ခမရ ၂၆၄ ပိန်းဇလုပ်အခြေစိုက်စစ်သားတွေအပြင် ပျူစောထီးနဲ့ရဲတွေက လုံခြုံရေးယူတပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုတွေဟာ လမ်းပိုင်းအတွင်းဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်တာအပါအဝင် သယ်ဆောင်လာတဲ့ပစ္စည်းတွေသိမ်းယူတာမျိုးလည်းရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေနဲ့မကြာခဏ ထိတွေ့မှုတွေရှိနေတဲ့ ပုစွန်မြောင်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်တပ်က နေရာ ၄ ခုခွဲကာ အထိုင်ချတပ်စွဲထားတယ်လို့လည်း သိရပါတယ်။

ပုံစာ – စနိုက်ဘာမစ်ရှင်ဆောင်ရွက်ခဲ့သည့် Fire Dragon PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်အလိုကျ ပေါ်တာဆွဲမှုများ ထဲထဲဝင်ဝင် လုပ်နေသည့် ပြည်သူ့စစ် ၁ ဦးကို YGF ရှင်းလင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

အရာတော်မှာ စစ်တပ်ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်၊ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။