မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းက မြင်းခြံမြို့နယ် ဆုံရွာမှ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ ထွက် လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သား ၁၀ ယောက်ခန့်သေဆုံးပြီး G-3 ၃ လက်၊ MA-1 ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နဲ့ G-3 ကျည် ၁၆ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်

တိုက်ပွဲအတွင်း ငါးဇွန်မြို့နယ် ငါန်းမြာကြီးရဲစခန်းက စစ်ကော်မရှင်တပ်သားတွေ တပ်ကူရောက်လာတဲ့ အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း နှင့်ပူးပေါင်းအဖွဲများဖြစ်သော မန္တလေးခရိုင် တပ်ရင်း (၅) ၊ ကျားမင်း(LPDF) ၊ ငန်းနက် (LPDF) ၊ မြောက်ပိုင်းသား (LPDF) ၊ အမရပူရ (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Video – မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်း

0 Shares:
You May Also Like
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနှင့် စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အမှတ် ၃ ရဲစခန်းနဲ့ စည်ပင်ရုံးကို ဒီနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Revolutions Force local တပ်ပေါင်းစုထံက သိရပါတယ်။
Read More

ကင်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်၊ ကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပိတ်လှောင်မှုများကြားမှ ကြိုးစားရုန်းထွက်ခဲ့ကြသည့် အဘွားနှင့် မြေး ၂ ယောက် (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အဘွားနဲ့ မြေးဖြစ်သူ ၂ယောက် ရုန်းထွက်ပြီး အသက်ရှင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ကျောက်တံခါးမြို့ သူဌေးကုန်းကျေးရွာထိပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊ သူဌေးကုန်းကျေးရွာထိပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Spring Warriors Column က  သတင်းထုတ်ပြန်ထားပါတယ်။