စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးမှုအတွက် အတင်းအဓမ္မ စေခိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၂ ရက် ဒီမနက် ၈ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်သား အင်အား ၆၀ ဝန်းကျင်ဟာ ဘုတလင်မြို့နယ်တဝိုက်ရှိ လွှဲတဲရွာထဲကို လက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ရွာခံ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးထားကာ အိမ်ထောင်စုဇယားတွေ တောင်းယူပြီး ကြိုတင်မဲပေးခိုင်းတဲ့ ပုံစံမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဖမ်းမိတဲ့ ပြည်သူတွေကိုတော့ အတင်းအဓမ္မ ကြိုတင်ပြီး ရွေးကောက်ပွဲအတွက် မဲပေးခိုင်းတယ်။ ပြီးတော့ သူတို့ ကြံ့ခိုင်ရေးပါတီကို မလိုလားဘူးဆိုရင် ရိုက်နှက်တာမျိုးတွေ ရှိတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကလည်း သူတို့ ကြံ့ခိုင်ရေးပါတီကို မကြိုက်တဲ့အတွက် မပေးဘူး။ မပေးတော့ ရိုက်နှက်တာတွေ ရှိတယ်”လို့ ဘုတလင် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို အဓမ္မခိုင်းစေမှုတွေ ပြုလုပ်ကာ ပြန်လွှတ်ပေးပြီးနောက် ထတန်းရွာအနောက်ပိုင်းကို ဆက်လက်ဝင်ရောက်ခဲ့သလို အဲဒီကနေတဆင့် မြောက်ကြည်ရွာအနောက်ဘက်ကနေ ဘုတလင်ထွေအုပ်ရုံးထဲ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေက မကြာခဏဆိုသလို အဆိုပါကျေးရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်တာမျိုးတွေ ရှိပေမယ့် အခုလို ဖမ်းဆီးပြီး အတင်းအဓမ္မ မဲပေးခိုင်းတာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့အတွက် လွှဲတဲရွာ၊ ထတန်းရွာ၊ ရှမ်းတဲရွာ၊ မြောက်တောကြီးရွာ၊ ‌မြောက်ကြည်ရွာ စတဲ့ ကျေးရွာတွေက ဒေသံခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ဘုတလင်မြို့ပေါ်က ထွေအုပ်ရုံး၊ ရဲစခန်း၊ CB Bank နဲ့ မိုး စာသင်ကျောင်းတို့မှာ တပ်ဖြန့်ပြီး အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ဟာ စစ်ကော်မရှင် ရွေးကောက်ပွဲအပိုင်း (၁) အဖြစ် ပြုလုပ်မယ့် မြို့နယ်စာရင်းထဲမှာ ပါဝင်ခြင်း မရှိသေးပေမယ့် အခုလိုမျိုး အတင်းအဓမ္မ ဖမ်းဆီးစေခိုင်းတာဟာ ရွေးကောက်ပွဲ မဲပေးမှုအပြင် တခြားသော ရည်ရွယ်ချက်မျိုးနဲ့ တမင် ဖိနှိပ်တာမျိုးလားဆိုတဲ့ ဝေဖန်မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။

ဘုတလင်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ (ဓာတ်ပုံ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း ဘုတလင်မြို့)

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

မြဝတီမြို့တွင် အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီးဒဏ်ရာများနှင့် သေဆုံးနေ

ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့အဝင် မုခ်ဦးကို သျှမ်းအလံတော်မှ တအန်းအလံသို့ TNLA က ပြောင်းလဲလိုက်မှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ထုတ်ပြန် 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်က သျှမ်းအလံတော်နဲ့ သျှမ်းဘာသာစကားတို့ပါရှိတဲ့ မြို့အဝင် မုခ်ဦးကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တအန်းအမျိုးသားအလံ ပုံစံနဲ့အရောင်တို့ကို အစားထိုးပြီး သျှမ်းစာရေးထိုးထားတာတွေကို ဖျက်ဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။  
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က စိုးမိုးနယ်မြေအတွင်း ကျေးရွာနေ ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်) အနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက ဆက်သွယ်ရေး ခက်ခဲပြီး သတင်းအချက်အလက်နဲ့ ဝေးကွာနေတဲ့ ကျေးရွာတွေက ပြည်သူတွေဆီ စစ်သတင်းလွှာ အတွဲ ၂ အမှတ် ၂ ဖြန့်ဝေခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။