NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ Southern Eagle PDF ဟာ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ သင်တန်းသား အယောက် ၁၀၀ ခေါ်ယူထားတယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်ရမှာဖြစ်ပြီး သင်တန်းဆင်းပြီးချိန်ကစလို့ အနည်းဆုံး ၂ နှစ်တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုထားပါတယ်။

စည်းကမ်းဖောက်ဖျက်ရင်လည်း တပ်ဖွဲ့က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ကျေနပ်စွာ ခံယူနိုင်ရမယ်လို့ ဆိုပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ Southern Eagle PDF Facebook ပေ့ချ်ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

Video – Southern Eagle PDF

0 Shares:
You May Also Like
Read More

စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ အလောင်း ၂ လောင်းနှင့် လက်နက်အချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ် ပြန်ထားပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။
Read More

မုံရွာမြို့ပေါ် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့် ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။