”ကျနော်တို့စခဲ့တဲ့ ရည်ရွယ်ချက်တွေကို မမေ့ပစ်မှ ဒီနွေဦးတော်လှန်ရေးက အောင်မြင်မှာဖြစ်တယ်။ ဒီအခြေအနေထိရောက်အောင် ကျနော်တို့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရလဲ ဆိုတာ လူထုက အသိဆုံးဖြစ်တယ်”

—— ရဲဘော်ကိုဟိန်း (နဂါနီစစ်ကြောင်း တပ်ရင်းမှူး)

လက်ရှိ နဂါးနီစစ်ကြောင်းမှာ ‘ကူချင်ကူ မကူချင်နေ’ဆိုတဲ့ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါ တယ်။

‘ကူချင်ကူ မကူချင်နေ’ဆိုတဲ့ ကမ်ပိန်းနာမည်ပေးဖြစ်တာက စခဲ့ပြီးသား အလုပ်တစ်ခုကို အဆုံးသတ်ဖို့ အားလုံးမှာ တာဝန်ရှိတာကို သတိပေးချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ရဲဘော်ရဲဘက်တွေကို ဘာပဲဖြစ်လာဖြစ်လာ ငါတို့ရအောင် ရုန်းကန်မယ်ဆိုတဲ့ စိတ်ကို ဖြစ်စေချင်လို့ ဒီကမ်ပိန်းနာမည်ကို ရွေးချယ်ဖြစ်တာလို့ သိရပါတယ်။

”လက်လျှော့ဆိုတဲ့ အတွေးဝင်လာခဲ့ရင်တောင် လက်ရည်မတူ အခြေအနေမတူခဲ့တဲ့ ပစ်ပြေးဘဝကို ပြန်သတိရပေးဖို့ ပြောချင်တယ်။ ကျနော်တို့ ပန်းတိုင်ဟာ လက်တစ်ကမ်းမှာ။ ဘယ်သူသွေးခွဲမှု ကြောင့်မှ ဘုံရည်မှန်းချက်ကို မဝေဝါးစေနဲ့”လို့  ရဲဘော်ကိုဟိန်း (နဂါးနီစစ်ကြောင်း တပ်ရင်းမှူး)က ပြောကြားခဲ့ပါတယ်။

ကမ်ပိန်းရည်မှန်းချက် သိန်း ၃၀၀၀ သတ်မှတ်ထားပြီး ပါဝင်ကူညီချင်သူတွေအနေနဲ့ “Red Dragon Worriors” Page’s Messenger ကနေ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Video – Red Dragon Warriors

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးချေမှုန်းခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၅ ယောက်သေပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Kenni Twilight Zoneမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ထားဝယ်မြို့နယ် မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်သား ၅ ယောက်သေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။