စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ မှတ်တမ်းရုပ်သံကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မင်းကွန်းဒေသ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ဘုန်းကြီးကျောင်းမှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးရဲဘော်တွေက ဇွန်လ ၂၇ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သား ၄ ယောက်သေဆုံးကာ ၄ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း  G3 အမျိုးအစားသေနတ် ၄ လက်၊ MA1 သေနတ် ၂ လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

လေးကေကော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF Kalay – Mine Team က ထုတ်လုပ်ထားတဲ့ ကျည်ကာပြားကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသ (ရုပ်/သံ)

PDF Kalay - Mine Team က ထုတ်လုပ်ထားတဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။
Read More

ဗိုလ်မှူး ရန်လင်းအောင် ဦး‌ဆောင်တဲ့ အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ ၂၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲစခန်းက ထွက်လာတဲ့ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

အာဏာရှင်တော်လှန်ရေးမှာ ရဲဘော်ရဲဘက်များကို ကယ်တင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော် Lightning (ရုပ်/သံ)

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန် တိုက်ပွဲဝင်ရင်း ဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တစ်ယောက် ရှိပါတယ်။ သူကတော့ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဖြစ်ပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး  ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

ရေပူရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များအား တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။