မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား အမျိုးသား (၁၁၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ ရက်ကနေ ဩဂုတ်လ ၂၂ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ယောက် သေဆုံးခဲ့​တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေး အယောက် (၂၀) ပါဝင်ပြီး စစ်ကိုင်းတိုင်းက (၂၇) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ (၁၁၉) ယောက်ထဲက (၇) ယောက်ကတော့ အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ နာရီစင်အနီး အကြမ်းဖက်စစ်အုပ်စုက သွားလာနေသူတွေကို တားဆီးပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေချိန် ထန်တလန်မြို့နယ်၊ ဆူးရ်ငင်းကျေးရွာအုပ်စု၊ သီဆဲင်းကျေးရွာမှ ဒေသခံ Salai Sang Khia ကို ရပ်တန့်ခိုင်းချိန် ဆက်လက်မောင်းနှင်သွားခဲ့တယ်လို့ သေနတ်နဲ့ ပစ်ခတ်ကာ ရိုက်နှက် ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ကရင်ပြည်နယ် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေ

ကရင်ပြည်နယ်က ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ထိန်ချုပ်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာနေတာကြောင့် စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး ခဲယမ်းအချို့ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆီမီးခုံနယ်မြေ ရဲစခန်းက ရဲတပ်သား ၁ ယောက်က မိသားစုနဲ့အတူ ခဲယမ်းအချို့ ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် (၉) အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်လိုအပ်ချက်အတွက် ​ဖိအားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။