ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေကို ပြည်သူတွေ လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force – Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ကစဉ့်ကလျားဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်သားတွေ မြေဖို့ဝှက်ထားခဲ့တဲ့ MA 15 (စက်လတ်) (၁) လက်၊ RPG 7 (၁) လက်၊ MA4 (၁) လက်၊ MA 3 (၁) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူတွေက CDF-Mindat ရဲ့ စစ်ဦးစီးချုပ်ရုံးမှာ လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်တွေနဲ့ ခဲယမ်းတွေကို တာဝန်သိစွာ လာရောက်အပ်နှံခဲ့တဲ့ ပြည်သူတွေကို ဆုကြေး‌ငွေတွေ ချီးမြှင့်ခဲ့တယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ပေါက်မှာ ရွာကင်းစခန်းနား ထောင်ထားတဲ့ မိုင်းတွေနင်းမိလို့ ပျူစောထီး မိန်းမ ၁ ဦး သေ၊ ၁ ဦး ခြေထောက်ပြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းအနီး ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲလို့ ပျူစောထီးအမျိုးသမီး ၁ယောက်​သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

ဝယ်ယူမယ့်သူ မရှိသေးတဲ့ ခြံအမှတ် (၅၄) နေအိမ်ကို ဖေဖော်ဝါရီလမှာ ထပ်မံ လေလံတင်မယ်

လေလံဆွဲမယ့်သူမရှိလို့ ပျက်ပြယ်နေခဲ့ရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ် (၅၄) ကို လာမယ့်ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဦးမယ်လို့ သိရပါတယ်။
Read More

ဂွမြို့မှာ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေ…

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဧရာဝတီတိုင်းအစပ်ကပါ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။