ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၂ ရက် ဒီမနက် ၁၀ နာရီခွဲလောက်က မှော်စီစာရွာ မိန်းလမ်းမကြီးပေါ်၊ စိန်ချိုကွမ်းယာဆိုင်အနီးမှာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ ကိုချစ်နိုင် (၄၅နှစ်) ဆိုသူ သေဆုံးနေသလို နောက်ထပ် အမည်မသိ အမျိုးသားတစ်ယောက်လည်း သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးနေခဲ့တယ်လို့ ဆိုပါတယ်။

“ကိုချစ်နိုင်က မွတ်ဆလင်လူမျိုး၊ ပစ်သတ်ခံရတဲ့ ၂ ယောက်စလုံးကတော့ ဘာကြောင့်ပစ်သတ်ခံရလဲဆိုတာ မသိရသေးဘူး။ စုံစမ်းလို့လည်း မရသေးဘူး။ မူးယစ်ဆေးသုံးစွဲသူတွေလို့ ယူဆရတယ်။ ဖားကန့်မှာတော့ ဒီလိုပဲပစ်သတ်ခံရတဲ့ အနေအထားမျိုးတွေက ဖြစ်ပေါ်နေတာရှိတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသခံ ကူညီကယ်ဆယ်ရေးအသင်းက လာရောက်ပြီး ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေက ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံကနေ ဖောကား ၂ စီး၊ ၂ နာရီခွဲကျော်လောက်မှာ ဖောကား တစ်စီးနဲ့ မှော်စီစာဘက်ကို ထွက်လာပြီး အဆိုပါကားတွေ ထွက်လာချိန်မှာလည်း မိုင်းဖောက်ခွဲသံ ၂ ချက် ကြားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အလားတူ သြဂုတ်လ ၈ ရက်နေ့ကလည်း ဟင်းတင့်ရွာနားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်းကို တွေ့ရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်စီစာရွာလမ်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ၂ လောင်း (ဓာတ်ပုံ)

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

“ရန်သူက သူတို့အလုပ်သူတို့စလုပ်နေပြီ၊ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ရမယ်“ (ပြည်သူကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုရဲ့ မိန့်ခွန်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ (၃၃) ၊ ဒေါနတပ်ရင်းက ဦးစီးကျင်းပပြုလုပ်တဲ့ စနိုက်ပါ (Sniper) သင်တန်းရဲ့ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌စာတမ်းထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အားကစားပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်မှာ ထုတ်ပြန်ခဲ့ရာ မူဝါဒရပ်တည်ချက် ထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အားကစားပွဲကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ မဟာမိတ်တပ်တွေနဲ့အတူ ဇန်နဝါရီ (၄)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။