အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF – Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အဆိုပါထုတ်ပြန်ချက်ထဲမှာ မကွေးတိုင်းအတွင်းက ဆိပ်ဖြူ၊ ပေါက်၊ ဆောနဲ့ လောင်းရှည်ကပစတွေမှာရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အင်အားတွေနဲ့ ကားတန်းရာချီဟာ ချင်းပြည်နယ်တောင်ပိုင်းကို ယောဒေသကတဆင့် ဝင်ရောက်နိုင်ဖို့ ကြိုးစားလာကြောင်း ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ချင်းညီနောင်သိမ်းပိုက်ထိန်းချုပ်ထားရာ မြို့နယ်တွေဖြစ်တဲ့ ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီမြို့နယ်တွေကို အင်အားအလုံးအရင်းသုံးကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့အတွက် စစ်အင်အားတွေ ဖြည့်တင်းထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ယောဒေသ လောင်းရှည် ကပစ ( ၂၅) မှာ အင်အား ၈၀၀ ဝန်းကျင်၊ ဆိပ်ဖြူမှာ အင်အား ၄၀၀ ဝန်းကျင် နဲ့ ပေါက်မြို့နယ်မှာလည်း ပခုက္ကူတပ်မ ၁၀၁ကနေ ရောက်ရှိလာတဲ့ တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးဟာ ချင်းပြည်နယ်တောင်ပိုင်းကို ဝင်ရောက်လာနေတယ်လို့ CDF – Kanpetlet က ဖော်ပြပါတယ်။

ဒီအတွက် ဆွဲလွဲကျင်း- ကျင်ဒွေးနဲ့ ဆော-ကန်ပက်လက်လမ်းပိုင်းတွေအပါအဝင် မကွေးတိုင်းကနေ ကန်ပက်လက်မြို့နယ်ကိုဝင်ရောက်နိုင်မယ့် လမ်းပိုင်းတွေကို CDF -Kanpetlet က ယာယီပိတ်ထားလိုက်တာဖြစ်ကြောင်း ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

“လက်ရှိမှာတော့ ပေါက်ဘက်ကနေ စစ်ယာဥ်တန်း ရှေ့တိုးလာနေတယ်လို့ သိရပါတယ်။ ချင်းပြည်အတွင်းတော့ မရောက်သေးပါဘူး။ ရောက်လာရင်လည်း အကောင်းဆုံးတားနိုင်ဖို့ ဆောင်ရွက်မှာပါ။” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းညီနောင်(CB) အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆၃မြို့နယ်မှာလည်း ရွေးကောက်ပွဲလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ဒီလ ၁၆ရက်နေ့မှာ ကြေညာထားပါတယ်။

ဒီအတွက် အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

“စကစကတော့ သူလုပ်ရမယ့်အလုပ် လုပ်သွားမှာပဲ။ ကျနော်တို့ဘက်ကလည်း ကိုယ်ထိန်းချုပ်ထားတဲ့မြေတွေကို လက်မလွှတ်ရအောင် တားဆီးနိုင်ဖို့ ကြိုးစားရမှာပါ။ မြေပြင်ကို ဘယ်သူထိန်းချုပ်နိုင်လဲ ဆိုတာက အဖြေဖြစ်ပါလိမ့်မယ်။” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောခဲ့ပါတယ်။

စစ်အုပ်စုအနေနဲ့ ကန်ပက်လက်မြို့နယ်အတွင်း အချိန်မရွေးထိုးစစ်ဆင်လာနိုင်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လာနိုင်တာကြောင့် အရပ်သားတွေ စစ်ရေးအသိရှိဖို့၊ လေကြောင်းဒဏ်ခံနိုင်မယ့် ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေ တူးထားကြဖို့ CDF -Kanpetlet က အသိပေးထားပါသေးတယ်။

ချင်းညီနောင်နဲ့ အာရက္ခတပ်တော် AA အပါ တော်လှန်ရေးအင်အားစုတွေက ကန်ပက်လက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာ ၂၁ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တစ်နှစ်အတွင်း MBT တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကနေ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးစေခဲ့

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၎င်းတို့အာဏာဆက်လက်ရယူရေးအတွက် တရားမဝင်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ NUCC နဲ့ NUG က ထုတ်ပြန်ကြေညာ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကာကင်းစခန်းများ တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ် တပ်ဘက်က ၈ ဦး သေဆုံး ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းက အကြမ်းဖက် ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်း ရမိခဲ့တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။