၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁ရက်ကနေ ဇူလိုင်လ ၃၁ရက်အထိ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေနဲ့ ပကဖအဖွဲ့တွေထံ ဆက်သွယ်ကာ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သား ၄၀၉ ယောက်ရှိခဲ့ပြီး ဗိုလ်မှူး ၂ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေထဲ လက်နက်နဲ့တကွ ဝင်ရောက်လာသူ ၁၇၉ ယောက်ရှိခဲ့ကာ NUG ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ကို သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းတပ်သားနဲ့ စစ်တပ်ရဲ့အပေါင်းအပါ ရှမ်းနီတပ် SNA တပ်ဖွဲ့က လူတွေ အလင်းဝင်လာခဲ့တာဖြစ်ပြီး စစ်တပ်က ဗိုလ်မှူး ၂ယောက်၊ ဗိုလ်ကြီး ၆ယောက်နဲ့ ဗိုလ် ၁ယောက် ပါဝင်ကာ ဒါဟာ ရန်သူ့ဘက်က စစ်အရာရှိတွေကပါ အကြမ်းဖက်စစ်တပ်ကို လက်မခံလိုတော့တာကို ပြသနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင် တယ်လီဂရန်ချန်နယ် @MyanmarPeople (သို့မဟုတ်) နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။
Read More

မင်းကင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အထိအခိုက်များ၊ စစ်သားအလောင်း ၄ လောင်းနှင့် ပျူစောထီး ၁ ဦးကိုလည်း အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ​ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားလို့ ကိုယ့်ရွာကို ပြန်ရောက်ချိန် နေအိမ် ၁၈ လုံး ပြာကျနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ အိုမကျေးရွာကို တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။