”အိမ်ကိုလည်း လွမ်းတယ်။ မိသားစုကိုလည်း လွမ်းတယ်။ တပ်ထဲမှာလည်း အဆင်မပြေဘူး။ ထိုးကြိတ်ခံရတာတွေ ဖိနှိပ်ခံရတာတွေရှိတယ်။ ဘာတွေတိုက်နေရတာလဲ ရည်ရွယ်ချက်ကိုမသိဘူး။ ဒါကြောင့် တော်လှန်ရေးအဖွဲ့ထဲ ဝင်လာခဲ့တာဖြစ်တယ်။ ဒီမှာအားလုံးအဆင်ပြေပါတယ်။ သူငယ်ချင်းတွေကိုလည်း တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အရာရှိတွေပြောသလို ဒီမှာသတ်မယ်၊ ဖြတ်မယ်ဆိုတာ တကယ်မဟုတ်ပါဘူး”

0 Shares:
You May Also Like
Read More

ခြေတစ်ဖက် စွန့်ခဲ့ရပေမယ့် ဧရာဝတီကိုပြန်ပြီး ကြမ်းဖို့ ရည်ရွယ်ချက်နှင့် ဧရာဝတီသား ရဲဘော်အောင်ဟိန်း (ရုပ်/သံ)

"ခြေထောက်ပြတ်တဲ့ကိစ္စက ကျနော်က စစ်တပ်ရဲ့ M14 မိုင်းကိုနင်းတာ၊ ကျွန်တော် ဘာခံစားရလဲဆိုတော့ ကျနော့်စိတ်က ဧရာဝတီမှာပြန်ပြီးတော့ ကြမ်းဦးမှာ၊ ဧရာဝတီမှာရှိတဲ့ 6ခွးတွေကို ကျနော်ပြန်သတ်ဦးမှာ ကျနော်ပြန်ပြီးတော့ လုပ်ဦးမှာ။ အဲဒါ့ကြောင့်မို့လို့ ကျနော် တပ်မဟာ ၆ ကနေ ၅၊ ၅ ကနေပြီးတော့ ဧရာဝတီနဲ့နီးပါတယ်ဆိုတဲ့ ပဲခူးထိကို ကျနော် ပြန်ဆင်းတယ်။ ရောက်အောင်ပြန်သွားခဲ့တယ်။ အဲ့ကနေတဆင့် ဧရာဝတီကို ပြန်ဝင်မယ်ပေါ့"
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူရဲ့ မိသားစုဝင် ပြောပြတဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်း (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းနိုင် (ခ) အကြီးကောင် (၄၀)နှစ် ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိသားစုရဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်းကို MNDAA က ဖော်ပြလာပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ်- တ/၅၈၁၆၃၉ တပ်သား- အောင်ပြည့်လျှံ၏ ပြောကြားချက် (ရုပ်/သံ)

''အခုလက်ရှိတိုက်နေရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ကျောင်းဆင်းလာခါစ ရဲဘော်တွေဆိုရင် သူတို့အိမ်တွေနဲ့ မိဘတွေနဲ့ အဆက်အသွယ်မရကြဘူး။ ကျောင်းဆင်းလာတဲ့ ရဲဘော်တွေ ကျနော့်မျက်စိရှေ့တင် တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ် တိုက်ပွဲကျကုန်တာ။ ကျောင်းဆင်း သူတို့ မိဘနဲ့ အဆက်အသွယ်မရခင် သူတို့က ကျသွားပြီ"
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်ဇင်ဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲကို ကျနော်တို့လည်း မဝင်ချင်ဘူး။ အတင်းအဓမ္မဝင်ခိုင်းတယ်။ ထွက်ပြေးလည်း လိုက်ဖမ်းတယ်။ စစ်တပ်ထဲမှာခေါ်ပြီး နှိပ်စက်တယ်။ ကျနော်တို့မလုပ်ချင်တာတွေလည်း အတင်းအဓမ္မခိုင်းတယ်။ သူတို့ဒီလုပ်ရပ်က လူမဆန်တဲ့ လုပ်ရပ်။ သဘောမကျဘူး။ အဲဒါကြောင့်မလို့ အလင်းဝင်လာတာ''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၅၁၁) တပ်သား- ဘိုမင်းဇေယျာထွန်း၏ ပြောကြားချက် (ရုပ်/သံ)

“ရမည်းသင်း ရွှေတောင်မှာ ရွှေလုပ်ရင်းနဲ့ မိန်းမဆီ ခွင့်ပြန်လာတဲ့အချိန်မှာ စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရတာ။ လူအကုန်လုံး ၂၀ ဆွဲခံရတယ်။ စစ်ကိုင်း တပ်မ ၃၃ ထဲကို ပို့တယ်။ တပ်ထဲမှာလည်း မနေချင်ဘူး။ တိုက်ရခိုက်ရတာလည်း ဝါသနာမပါဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ အေးအေးဆေးဆေး နေချင်တာကြောင့်မလို့ အလင်းဝင်လာတာ''
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''