မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။

သြဂုတ် ၂၀ ရက်က သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာရှိ စစ်ကော်မရှင်ရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံး ၁၀ လုံးနဲ့တိုက်ခိုက်ခဲ့ရာ ၉ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရှော့တိုက်ဒုံးတွေဟာ လေ့ကျင့်ရေးသင်တန်းကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး သင်တန်းအဆောင် ၄ ခု မီးလောင်ကာ သင်ကြားရေးပစ္စည်းအများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုနဲ့ Shadow (အညာ) ၊ No More Dictatorship (NMD-PDF) နဲ့ Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မန္တလေးတိုင်း လက်နက်ကြီးတပ်ဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များက အားဖြည့်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Video – Brave Warriors for Myanmar (BWM)

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ပဲခူးတိုင်း၊ ဇီးကုန်းအနီးမှာ စစ်ကောင်စီစစ်ကြောင်း ၄ရက်ဆက် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF က တိုက်ပွဲမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Myingyan District Battalion - 2 က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရန်ကုန်မြို့တစ်နေရာမှာ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့ တစ်နေရာမှာ ဒီဇင်ဘာ ၁၀ ရက်က ရွှေပြည်သာသပိတ်ကော်မတီ -(SPTSC) နဲ့ မျိုးဆက် သစ်လူငယ်သပိတ်ကော်မတီ - (NGYSC) တို့ ပူးပေါင်းပြီး 'လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ' ဘန်နာကိုင်ဆောင်ကာ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပန်းညိုရွာမြင်ကွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို မတ်လ ၁၂ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။