စစ်ကော်မရှင်က တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အပူတပြင်းလုပ်ဆောင်နေတဲ့ အချိန်မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ကနေ လက်နက်ထောက်ပံ့မှုတွေ အားလုံးကို ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်က အချိန်ကိုက် ထွက်ပေါ်လာပါတယ်။ 

UWSA နဲ့ တအာင်းတပ် – TNLA၊ ကိုးကန့်တပ် – MNDAA၊ ရှမ်းတပ် – SSPP တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ပါဝင်တဲ့ ဆွေးနွေးပွဲကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့ပြီးနောက် UWSA က မနေ့က ဩဂုတ်လ ၂၀ ရက်မှာ တရားဝင် ထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ “မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့် အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်နှင့်မှ မည်သည့် နေရာ၊ အချိန်၌ ဖြစ်စေ ငွေကြေးအကူအညီ ပေးမည်မဟုတ်တော့” ဆိုပြီး ပါရှိပါတယ်။

“ကျနော်တို့မှာ အထိုက်အလျောက်လည်း အတွေ့အကြုံတွေတော့ ရှိလာပြီ။ စကားပြောရမှာက ဗုံးသီး၊ ခဲယမ်းပေါ့…. လက်နက်ကတော့ ရှိသင့်သလောက် ရှိထားကြပြီ။ ခဲယမ်းမရဘူးဆိုရင် ဒီသေနတ်တွေ အမြောက်တွေက တုတ်သာသာပဲ ရှိတာဆိုတော့။ စစ်တပ်ကတော့ ဒီအခြေအနေ မတိုင်ကတည်းက ခဲယမ်းတွေကို ဖြုန်းအောင် လူတွေ အသေခံပြီး စစ်ကြောင်းထိုးတယ်။ ဒီတော့ ကျနော်တို့တွေက ပိုက်ဆံကနေ ခဲယမ်းဖြစ်အောင် လုပ်ဖို့ လိုပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

လက်နက်ခဲယမ်းစီးဆင်းမှုတွေကို ရေကာတာကြီး ပိတ်ချလိုက်သလို ပိတ်ချလိုက်လို့ မရတာကြောင့် ဈေးကွက်ကတော့ ရှိနေဦးမှာဖြစ်ပြီး အရင်ကထက်တော့ ရှာဖွေရခက်ခဲလာမယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။ 

(ဓာတ်ပုံ – Soe Zeya Tun / Reuters)

စစ်တပ်က အတင်းအဓမ္မ အာဏာသိမ်းလိုက်ကတည်းကနေ ပြည်တွင်း ပဋိပက္ခတွေကို လက်ပိုက်ကြည့်နေခဲ့တဲ့ “ဝ” တပ်ဟာ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနီးခါမှ အခုလို ထုတ်ပြန်လာတဲ့အပေါ်မှာ တရုတ်ရဲ့ ဖိအားကြောင့်ဆိုပြီး ဝေဖန်မှုတွေလည်း များစွာရှိနေတာပါ။ 

တဖက်မှာလည်း အချိန်ကိုက်ဆိုသလို စစ်တပ်ဟာ  စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၆၃ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ထိုးစစ်တွေကို စတင်လာသလို သူတို့ စိုးမိုးမှု လက်လွှတ်ထားရတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ မရှိသည့်တိုင်အောင် ပြည်သူတွေကို မငဲ့ဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

ဗိုလ်ကြီးဇင်ယောက်က “တော်လှန်ရေးတပ်တွေအနေနဲ့ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေ များများစားစားရှိမှ ရမယ်ဆိုတဲ့ တပ်လှန့် သတိပေးချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ တနေရာ တကွဲစီ တိုက်နေတာထက် စုစည်းဖို့လိုပါတယ်…. ပြီးရင် အခိုင်အမာ နယ်မြေတွေ တည်ဆောက်ရပါမယ်။ ရန်သူတယောက်ကို ကျည်တထောင့်နဲ့ ပြောက်ကျားစစ် တိုက်ခိုက်ရမယ့် ဗျူဟာမျိုး… ရန်သူ့လက်နက် ကိုယ့်လက်နက် ဒီလိုပုံစံကို သွားရမှာ ဖြစ်ပါတယ်” လို့ ထောက်ပြထားပါတယ်။ 

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဗလာကနေ စခဲ့တဲ့ တော်လှန်ရေးဟာ သန်းခေါင်ထက် ညဥ့်နက်စရာ မရှိတော့ဘူးလို့ သုံးသပ်ထားကြပါတယ်။

 

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီးကို ဒီကနေ့နေ့လယ် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို ကလေး ပကဖ  အရှင်ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။